မင်္ဂလာပါရှင်...
ဒီနေ့ ဦးဥာဏ်တို့ကျောင်းမှာ ပါတီရှိလို့သွားကြတယ်လေ...နိုင်ငံခြားသားတွေအတွက် သီးသန့်ပြုလုပ်ပေးတဲ့ Graduation party ပါ... မိသားစုတွေပါတက်ခွင့်ရှိတာမို့ ကျမတို့ပါတီတက်ကြတာ ဒီနှစ်နဲ့ဆို ၄ကြိမ်ရှိနေပါပြီ.... ပထမနှစ်တွေက ဘွဲ့ယူတဲ့မြန်မာဆရာဝန်တွေ တစ်နှစ်တစ်ဦးရှိနေပေမယ့် ဒီနှစ်ကတော့ ဘွဲ့ယူတဲ့အထဲမှာ မြန်မာပြည်ကတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ အကြောင်းက မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေ မလွှတ်တော့တဲ့အတွက် မြန်မာကျောင်းသားက မရှိသလောက်ကိုပဲ ဖြစ်သွားခဲ့ပါပြီ....

ဒီနှစ်ဘွဲ့ယူတဲ့အထဲမှာ တရုပ် နဲ့ ထိုင်းက ကျောင်းသားတွေက အများဆုံးပညာတော်သင်လာကြတာမို့ Tokyo Medical & Dental university ( TMDU) မှာ တရုပ်ပညာတော်သင်ကျောင်းသားတွေ ၊ ထိုင်းကလာတဲ့ပညာတော်သင်ကျောင်းသားတွေ တော်တော်လေးများပါတယ်ရှင်... မြန်မာပြည်က တစ်နှစ်တစ်ယောက်နှုံးလောက်ဘွဲ့ယူနေခဲ့ချိန်မှာ ထိုင်းနဲ့ တရုပ်က နှစ်စဉ်ဘွဲ့ယူတဲ့ ကျောင်းသူ ၊ကျောင်းသားတွေ ၅ ယောက်စီခန့်ရှိနေပါတယ်.. မနှစ်တုန်းကဆိုရင် ထိုင်းကဘွဲ့ယူကြရတာ ၁၀ယောက်ခန့်ရှိနေခဲ့ပါတယ်..
အားကျစရာကြီးပါပဲရှင်.... တော်တော်များများဟာ ဆရာဝန်တွေဖြစ်ကြတာမို့ သူတို့တွေကိုကြည့်ရတာ တော်တော်လေးအားကျစရာကောင်းပါတယ်...

နောက်နှစ် ဒီလိုအချိန်ဆိုရင်တော့ ဦးဥာဏ်လဲဘွဲ့ယူရတော့မှာပါ... မြန်မာပြည်ကြီးကိုလွမ်းနေပြီလေ.... ဘွဲ့ရပြီးတော့ မြန်မာပြည်ပြန်ကြရတော့မှာမို့ ပျော်သလိုလို ၊ ၀မ်းနည်းသလိုလိုကြီးခံစားရပါတယ်... ဘာပဲဖြစ်ဖြစ် နေရထိုင်ရတာ အဆင်ပြေတဲ့ ဂျပန်ပြည်ကြီးကိုတော့ လွမ်းနေဦးမှာ အသေအခြာပဲဖြစ်ပါတယ်ရှင်...

ကဲ... ဘွဲ့နှင်းသဘင်ပါတီအခမ်းအနားမှာကျွေးတဲ့ အစားအစာတွေကို မောင်နှမတွေကို ကျွေးဘို့အများကြီးသယ်လာခဲ့ပါတယ်နော်... သုံးဆောင်သွားကြပါဦး။း)




































ဦးဥာဏ်ရဲ့သူငယ်ချင်းများနဲ့ အမှတ်တရ





ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း


Discuss   Add this link to...  Bury

Comments Who Voted Related Links