Kmsl လစ်တာနဲ့ လမ်းထွက်သွားခဲ့တယ်။ ဘယ်သွားရမလဲ .. စလုံးမှာ လဲ သွား တာ များ တော့ အလွတ်ကို ရနေပါတယ်။ Robinson , city hall, orchard….. ဆိုင်တွေ က ကိုယ့်ကို မှတ်မိလား မမှတ်မိလား မသိ./ ကိုယ်ကတော့ သူတို့ ကို မှတ် မိနေပါပြီ။

အဲဒါနဲ့ဘဲ စဉ်းစား..နောက်ဆုံးတော့ မလေးရှား Johor, city square ကိုဘဲ ရောက်ခဲ့ပြန်တယ်။ လဝက နားလေးမှာတင် ရှိပါတယ်။ လူအတော်စည် ပါတယ်။ ရုပ်ရှင် ကြည့်မလား ဆိုတော့ ကာ သွား လေ့ လာ ကြည့်တော့ ကလေးကားရယ်၊ ကာ တွန်း ကား ရယ်၊ မလေးရှား ကားရယ်၊ တရုတ် ကားရယ်ဘဲ လောလောဆယ် ကြည့်စရာရှိတာနဲ့ စိတ်ပျက်ပြီး လမ်းဘဲ လျောက်မိတော့တယ်။

ယောင်ပြီး တော့လို့  မဆိုသာဘဲ teenager အကျိင်္တွေ ရောင်းတဲ့ ဆီဝင် ပြီး လေ့လာမိသေးတယ်။ ဝယ်တော့ မဝယ်. ..try လဲ မလုပ်ပါ။ အရင်တုံးကတော့ ဝင် ပြီး try သေးတယ်။ အကျီ့င်္တွေ ကသေး ၊ စကဒ် က ဝတ် ဘို့ မဆိုထားနဲ့ စွပ် လို့ တောင် မရပါ။ အခုတော့ ကိုယ့် အခြေ အနေမှန် ကို ကိုယ့်ဘာသာ သိပြီမို့လို့ ဒီလို အမှားတွေ ကို ထပ် မကျူးလွန်တော့ပါ။

reject shop ထဲဝင်သွားပြန်တော့ ဘယ်ဟာကမှ ဈေးမသက်သာပါ။ ဖိနပ်များကတော့ စလုံးနဲ့ ပုံစံနဲနဲ လွဲ ပါ တယ်။ ပိုက်ဆံ အိတ် များကို ကြည့်ပြန်တော့ အပေါဆုံး က စလုံး ၁၈ ကျပ်လောက် ဆိုတော့ မဝယ်ဖြစ်ပြန်ပါ။ နောက်ဆုံး factory outlet store (FOC) ကနေ ဈေး အပေါဆုံး ဂျင်း ရျပ် အကျီင်္ တထည် ကို ကိုယ့် အတွက် ဝယ် ပါတယ်။ conclusion ဆွဲတော့ မလေး ၂၀ ကုန်ခဲ့ပါတယ်။

အပြန် ည ၁၀နာရီ လောက်မှာ ကုန်းကျော် တံတားပေါ် ကကြည့်တော့ စလုံးသွားရန် မလေး လဝက ကိုဝင် ဘို့ ကားတန်း ကြီးကို မျက် စိ တစ်ဆုံးတွေ့ရတယ်. ။ လမ်းတစ်လျှောက်မှာ ဖုံးကို တော့ မျက်ချေ မပြတ် နားစွင့်ထားရပါတယ်။ လျှောက်လည် တာ အဆူမခံရပေမဲ့ ဖုံး မကိုင်မိရင်တော့ ပြသာနာ ဖြစ်တတ်လို့ပါ။
Discuss   Add this link to...  Bury

Comments Who Voted Related Links