Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
Healthy Diet
1
Vote
Healthy Diet
Posted by
shwedream
1265 days ago
(
http://health.ngoinmyanmar.org
)
View profile
Category
:
Personal & Life
ကျန်းမာစွာ အသက်ရှင် ရပ်တည်ရန် နေ့စဉ် စားသုံးရန်လိုအပ်သော အစာပမာဏ
ဗီတာမင်နှင့် သတ္တုဓါတ်များသည် သီးခြား တည်ရှိနေခြင်း မဟုတ်ပဲ Macronutrients များထဲတွင် ပါဝင် နေသောကြောင့် အာဟာရ အကြီးစားများကို နေ့စဉ် စားသုံးသင့်သည့် ပမာဏအတိုင်း လုံလောက် မျှတစွာ စားသုံးပါက လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ် များကို မချို့တဲ့အောင် ကာကွယ် ပြီးသား ဖြစ်သလို တခြား ရောဂါပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါသည်။ နေ့စဉ် စားသုံး သင့်သည့် ပမာဏ အတွက် Australian Guideline for Healthy Diet တွင် အကြံပြု ထားသည့်အတိုင်း ကောက်နှုတ် တင်ပြ လိုက် ပါသည်။ ထို အကြံပြုချက် ထဲတွင် အရည်ဖြစ်စေ၊ အဖတ်ဖြစ်စေ တခွက်စာ ဆိုသည်မှာ အရည် ၂၅၀ မီလီဂရမ်ဝင်သည့် ခွက် (သို့) ပန်းကန်လုံး တလုံးစာကို ဆိုလိုပါသည်။ နေ့စဉ် စားသုံး သင့်သည့် အစားအစာ များကို အောက်ပါအတိုင်း အုပ်စုကြီးငါးခု ခွဲထားပါသည်။
၁။ ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ် များသော) နှံစား သီးနှံများ
ထမင်း၊ ပေါင်မုန့်၊ cereals, Pasta, ခေါက်ဆွဲ စသည် ဆန်၊ ဂျုံ၊ ပြောင်း တို့ဖြင့် ပြုလုပ် ထားသော အစားအစာ အကုန်လုံးပါဝင်ပြီး စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပြီး ငါးကြိမ် အထိ စားသုံး သင့်သည် ဟု စံ သတ်မှတ် ထားပါသည်။
- ပေါင်မုန့် အချပ်ဖြစ်ပါက နှစ်ချပ်
- ပေါင်မုန့်အလုံးဖြစ်ပါက အနေတော်အရွယ် တလုံး
- ခေါက်ခွဲ၊ Pasta, cereal နှင့် ထမင်း ဖြစ်ပါက ပန်းကန်လုံးတလုံးစာ ( ယောင်းမ (သို) ထမင်းခူးဇွန်း အနေ တော်အရွယ်နှင့် တခပ်စာ) သတ်မှတ်ထားပါသည်။ သို့သော်လည်း ထမင်းကို အဓိကစားသော မြန်မာ လူမျိုးများအတွက်မူ ထမင်းကို ယောင်းမနှင့် တခပ်စာကို တခါစားအဖြစ် တင်းတိမ် နိုင်မည် မဟုတ် သဖြင့် ငါးခွက်စာကို မိမိ တနေ့စာ သတ်မှတ်ပြီး အကြိမ်ကို မိမိ ကြိုက်နှစ်သက် သလို သတ်မှတ် စားသုံး နိုင်ပါသည်။ အလုပ်ကြမ်း လုပ်သူမဟုတ်ပဲ ထိုထက် ပိုစားပါက အ၀လွန် ရောဂါရပြီး နောက်ဆက်တွဲ ရောဂါများစွာ ရနိုင် ပါသည်။
၂။ ဟင်းသီး ဟင်းရွက်များ
ဟင်းသီး ဟင်းရွက်များ ကိုလည်း စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ် ထားပါသည်။
- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ
- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ပါသည်။ သို့သော်လည်း ဟင်းသီးဟင်းရွက်သည် ခန္ဓာကိုယ်အတွက် အများဆုံး စားသင့် သောကြောင့် အစာအိမ်မှ လက်ခံ ပါက သတ်မှတ် ထားသည် ထက် ပိုစား၍ ပြဿနာ မရှိပါ။
၃။ အသီး နှံများ
အသီးနှံများကို အနည်းဆုံး တနေ့ နှစ်ကြိမ်ခန့်နှင့် တခါစားကို အောက်ပါ စံ သတ်မှတ် ထားသည့် ဥပမာ အတိုင်း စားသုံးသင့်ပါသည်။
- အနေတော်အရွယ် ပန်းသီး၊ ငှက်ပျောသီးနှင့် ကီဝီသီး စသည့် တလုံး
- အရည် ဖြစ်ပါက ခွက်တ၀က်
- စပျစ်သီး၊ စထရော် ဘယ်ရီကဲ့သို့ အသီးများနှင့် အသီးမျိုးမျိုးကို စိတ်ပြီး ရောနှောထားပါက တခွက်စာ
- အသီးခြောက်များ ဖြစ်ပါက ခွက်တ၀က်စာ နှင့် စည်သွပ် ထားသည့် အသီးဖြစ်ပါက တခွက်စာ ကို တခါစားအဖြစ် သတ်မှတ် စားသုံး သင့်ပါသည်။
အရည် ဆိုသည်မှာ ဆော်ဒါနှင့် သကြားပါဝင်သည့် Soft Drink ကို ဆိုလြိုခင်း မဟုတ်ပဲ ပန်းသီး (သို့) တခြားအသီးနှံများကို ရေအပါအ၀င် မည်သည့် အကူပစ္စည်းမှ မရောပဲ ၁၀၀% အရည် ညှစ်ထားသော သစ်သီးရည် ကိုသာ ဆိုလို ပါသည်။ အချိုဓါတ် နည်းသည့် အသီး ဖြစ်ပါက တနေ့ နှစ်ကြိမ် ထက် ပိုစား နိုင်ပါသည်။
၎။ နို့ထွက် ပစ္စည်းများ
နို့နှင့် နို့ထွက် အစားအစာ များကို တနေ့ နှစ်ကြိမ် မှ ငါးကြိမ် ခန့်အထိ စားသုံး သင့်ပြီး တခါစားကို အောက်ပါ ဥပမာအတိုင်း စံ သတ်မှတ် ထားပါသည်။
- ပဲနို့ (သို့) မလိုင်ဆယ်ပြီးသောနို့ (Skim milk) တခွက်စာ (၂၅၀ မီလီဂရမ်)
- Cheese နှစ်လွှာ (သို့) ၄၀ မီလီဂရမ်
- ဒိန်ချည် ၂၀၀ မီလီဂရမ်
၅။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အစေ့များ
အသားဓါတ်ကို အဓိက ပေးသော အစားအစာများ ဖြစ်ပြီး အသားဓါတ်သည် ခန္ဓာကိုယ်ထဲတွင် ၇၀% ထုတ်လုပ်သောကြောင့် တနေ့ကို ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါသည်။ တခါစားရန် ပမာဏကို အောက်ပါအတိုင်း ဥပမာပေးပါသည်။
- ချက်ပြုတ်ထားသော အဆီနှင့် အရေပြားမပါသည့် ကြိုက်နှစ်သက်ရာ အသား သေးသေးနှစ်တုံး (သို့) ၆၅-၁၀၀ ဂရရမ်ခန့် (စဉ်းထားသည့် အသား ဖြစ်ပါက ခွက်တ၀က်စာ)
- ကင်ထားသော အသားနှစ်လွှာ
- ငါးအသား ၈၀ - ၁၂၀ ဂရမ်
- ကြက်ဥ သေးသေး နှစ်လုံး
- မြေပဲ၊ နှမ်း၊ နေကြာစေ့နှင့် တခြား အခံမာစေ့များ ခွက်တ၀က်ခန့်
- အပြုတ် (သို့) ကျက်ပြီးသော ပဲအမျိုးမျိုး တခွက်စာ စားသုံး သင့်ပါသည်။
နိဂုံးချုပ် အနေဖြင့် အသက်ရှင်စဉ် ကာလ တွင် ကျန်းမာရေး သည် လူတယောက် အတွက် ပထမ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါ သည်။ လူတယောက် ကျန်းမာစွာ အသက်ရှင်ရပ် တည်ရန် အတွက် အဟာရသည် အရေးကြီးဆုံး ဖြစ်ပြီး ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုမို ထိရောက်သည် ဟူသည့် စကားနှင့် အညီ အာဟာရကို လုံလောက် မျှတစွာ စားသုံးခြင်း ဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း တို့ကို ရှောင်ကျဉ် နိုင်ပြီး ၎င်းတို့ကြောင့် ဖြစ်လာ နိုင်သည့် ရောဂါ ပေါင်း များစွာ ကိုလည်း ကာကွယ်သင့်ပါသည်။
Discuss
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
955
Create Apple.com Style Search ...
955
Myanmar Thingyan
955
Preview Photoshop Brushes Easi...
955
Free Icon Set for Web Develope...
954
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
dlf ipl
fastdomain coupon
ipl
mortgage
top hosting
read more
Comments