C-Box မေးခွန်းများအတွက် အဖြေ တင်ထားတဲ့ ပို့စ်တွေနဲ့ မဆိုင်ပဲ စာဖတ်သူတွေက C-Box မှာ သီးသန့်လာမေးထားတဲ့ မေးခွန်းတွေထဲက C-Box မှာ ဖြေဖို့ နေရာမဆံ့နိုင်တဲ့ မေးခွန်းတချို့နဲ့ အရင်မဖြေဖြစ်ခဲ့တဲ့ မေးခွန်းဟောင်းတချို့ကို စုပေါင်းပြီး ပို့စ်တခုအနေဖြင့် မေးခွန်းမေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြေထားတဲ့ အဖြေတွေက ကျွန်မလက်လှမ်းမှီသလောက် တင်ပြထားတာသာဖြစ်ပြီး ပြည့်စုံလုံလောက်မှု ရှိနိုင်မည်မဟုတ်တဲ့အတွက် မပြည့်စုံမှု (သို့) ချွတ်ယွင်းမှု တခုခု ရှိနေပါက စာရေးဖေါ်တွေ အပါအ၀င် မည်သူမဆို ဖြည့်စွက်ဖြေကြားပေးခြင်း၊ ဆွေးနွေးပေးခြင်းကို ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မေးခွန်းမေးသူများ အနေဖြင့်လည်း ဖြေထားသည်များကို မရှင်းလင်းပါက ထပ်မေးနိုင်ကြောင်းနှင့် ဒီလို ထပ်မေးလာရင်လည်း ၀ိုင်းဝန်းဖြေကြားပေးဖို့ကို စာရေးဖေါ်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 1. မေး။ ။ မျက်ကွင်းအရမ်းညိုတာဘာကြောင့်လည်းဆိုတာသိပါရစေဆရာ။ (ကိုသက်)

မျက်ကွင်းညို ရခြင်းရဲ့အကြောင်းတွေက- - မျိုးရိုးကြောင်.- Allergy (ဓာတ်မတည့် မှုရှိခြင်း)- အိပ်ရေး မ၀ခြင်း- နှာပိတ်ခြင်း- ခန္ဓာ ကိုယ်မှ ရေဓာတ်ဆုံး ရှုံးခြင်း(ဥပမာ၊ ။ဝမ်းလျှောခြင်း ၊ အန်ခြင်း.... စသည်တို့ကြောင့်)- သံဓာတ်ချို့တဲ့ ၍ သွေးအား နည်းခြင်း- အသက်ကြီးလာခြင်း- စိတ်ဖိစီးမှုများ ခြင်း- အာဟာရ လုံလောက်စွာ မစားသောက်ခြင်း- ဆေးလိပ်သောက်ခြင်း- အလွန်အကြူး ကိုယ်အလေးချိန်ကျ သွားခြင်း- Vitamin –K ဓာတ်ချို့တဲ့ခြင်း- အရမ်း နေရောင် အထိခံခြင်းကုသမှုကတော့-မိမိမှာ အထက်ကပြဿနာတွေ ရှိနေရင် အဲဒါတွေ ကိုပြုပြင်ဖို့ ၊ ကုသဖို့ လိုပါတယ်။ Hydrating Facial mask ကို တစ်ပတ်နှစ်ကြိမ် ခန့်အသုံးပြုခြင်း ၊ သခွားသီး ပါးပါးအ၀ိုင်း လေးများ ကို မျက်လုံးနားတွင် ကပ်ခြင်း(တစ်ခါ လျင်၁၀ မိနစ် ခန့်) ၊ မနက်နှင့် ညတွင် ရေအေးအေးဖြင့် မျက်နှာ သစ်ခြင်း ၊ အာဟာရပြည့် ၀စွာ စားသောက်ခြင်း ၊ ဂေါ်ဖီ ၊ လိမ္မော် ၊ သခွားသီး ၊ စတော်ဘယ်ရီ ၊စသော လတ်ဆတ်ကော အသီး အရွက် များများစားခြင်း ၊ ကောင်းကောင်း အနားယူခြင်း ၊ Vitamin –K နှင့် ရှားစောင်း လက်ပတ်ပါဝင်သော Eye cream မျိုး ကိုလိမ်းခြင်း ၊မသက်သာ လျင် အရေပြားဆရာဝန်နှင့်ပြသ တိုင်ပင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။ (Dr စိုင်းဝေအောင်)

https://www.blogger.com/comment.g?blogID=6573912305380013381&postID=706454272341046099 မှာ ဒေါက်တာ စိုင်းဝေအောင် ဖြေထားတဲ့ အဖြေကို တိုက်ရိုက် ပြန်ဖေါ်ပြထားပါတယ်။

၂။ မေး။ ။ လေဖြတ်တာ အကြောင်းဆောင်းပါး ရေးပါဦး။ နောက် အေးတဲ့ဒေသမှာနေရင် ဘယ်လို ကျန်းမာရေး အကာအကွယ် လုပ်ရမလဲ။ ရေချိုးတာတို့ အစားစားတာတို့ နောက်ဘယ်လိုနေသင့်သလဲ။ ကျေးဇူးတင်ပါတယ်။ (Khinethin)

ဖြေ။ ။ လေဖြတ်ခြင်းမှာ အဓိကကတော့ ဦးနှောက်ကို ပို့ပေးနေတဲ့ သွေးကြော ပိတ်ဆို့ပြီး ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားလို့ ဦးနှောက်မှာ အောက်စီဂျင် အထောက်အပံ့ မရတော့တဲ့အတွက် ဦးနှောက် ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွားတာဖြစ်တယ်။ ဒီလို အဆက်အသွယ် ပြတ်သွားတော့ ဦးနှောက်က သက်ဆိုင်ရာ အစိတ်အပိုင်းကို ထိန်းချုပ်လို့ မရဖြစ်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အလုပ်မလုပ်နိုင် ဖြစ်သွားပါတယ်။ ဘယ်လိုအမျိုးအစား လေဖြတ်တာပဲ ဖြစ်ဖြစ် လေဖြတ်တဲ့သူအားလုံးကတော့ နွေးနွေးထွေးထွေး ရှိသင့်ပါတယ်။ ဒုတိယအကြိမ် ထပ်မဖြစ်ဖို့အတွက်နှင့် နောက်ဆက်တွဲ ရောဂါတွေ မ၀င်နိုင်အောင် ကျန်းမာရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ဖို့အတွက် အစာအဟာရ မျှတဖို့၊ အ၀မလွန်အောင် ကာကွယ်ဖို့နဲ့ လှုပ်ရှားမှုရှိနေဖို့ အမြဲလိုအပ်ပါတယ်။

ကုသမှုကို ပြန်လည် ပြုစုပျိုးထောင်တဲ့ လေ့ကျင့်ခန်း (Rehabilitations) တွေ လုပ်ရင် ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်း ဒါမှမဟုတ် လုံးဝ ပြန်လည်သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင်ဖြစ်သွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းက ကွဲပြားတဲ့အတွက် တွေ့ဖို့လိုအပ်တဲ့ ကျန်းမာရေးပညာရှင်တွေကလည်း ကွဲပြားပါတယ်။ ဥပမာ စကားပြောမရ၊ စကားပြောမပီ ဒါမှမဟုတ် အစာမြိုရခက် ဖြစ်သွားရင် လေ့ကျင့်ခန်းအတွက် Speech Pathologist နဲ့ Dietician ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန်ဖြစ်သွားရင် Physiotherapist နဲ့ Occupational therapist ကို တွေ့ရမယ်။ လေဖြတ်တဲ့ အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်တွေနဲ့ တွေ့ပြီးရင် အိမ်မှာ ဆက်လက်ဆောင်ရွက်ဖို့ နေ့စဉ် ကိစ္စတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသေးစိတ်ကို သင်ပြပေးလိမ့်မယ်။ Khinethin က မြန်မာပြည်ထဲက လူနာအတွက် မေးတယ်ဆိုရင်တော့ မြန်မာပြည်မှာ ဒီလို Rehabilitation Services တွေ ရှိမရှိ ကျွန်မအတိအကျ မသိတဲ့အတွက် အကောင်းဆုံးကတော့ ဆက်လုပ်သင့်တာကို လေဖြတ်လို့ ဆေးရုံတက်တုန်းက အဓိကတာဝန်ယူ ကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်တခုကို သီးသန့်မတင်နိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။

3. မေး။ ။သွေးပြစ်တဲ.ရောဂါကိုဘယ်လိုကုသရပါသလဲ။ ထိုရောဂါအကြောင်းပြောပြပေးစေလိုပါသည်။ (Ko Zaw)

ဖြေ။ ။ သွေးပြစ်ခဲတာက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ အမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုများနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေအားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ Clotting Factor တွေ လွန်ကဲနေခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ Anticoagulant လို့ ခေါ်တဲ့ သွေးကို မခဲစေနိုင်တဲ့ ဆေးတွေကို ဆရာဝန်ညွန်ကြားချက်အတိုင်း သုံးစွဲနိုင်ပါတယ်။ သွေးပြစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်းနှစ်ခုစလုံးက အန္တရယ်ရှိတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။

4. မေး။ ။ အမျိုးသမီးတွေအတွက် မီးယပ်ကျန်းမာရေးကိစ္စတွေကိုရော မေးမြန်းလို့ ရပါသလားရှင် (Uranusaquarian)

ဖြေ။ ။ အမျိုးသမီးတွေ မီးယပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို Labels အောက်က Reproductive Health ကိုနှိပ်လိုက်ရင် အဲဒီထဲက ပို့စ်တွေထဲမှာ ရှာကြည့်နိုင်ပါတယ်။ သိချင်တဲ့ အကြောင်းအရာ အဲဒီထဲမှာမပါလို့ မေးခွန်းသီးသန့် ထပ်မေးရတော့ မေးတဲ့မေးခွန်းအပေါ် မူတည်ပြီး ဖြေပေးလို့ရပါတယ်။


ဖြေ။ ။ ဒီမေးခွန်းကို မဖြေခင် labels အောက်က Hepatitis ခေါင်းစဉ်ထဲမှာရှိတဲ့ ပို့စ်နှစ်ခုကို အရင်သွားဖတ်ဖို့ Mr Lupay ကို အကြံပြုချင်ပါတယ်။ Hepatitis B အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ရှိပါတယ်။ ကာကွယ်ဆေးကို သူ့ကို့စ်အတိုင်း မှန်အောင် ထိုးထားရင် ကူးဖို့ခဲယဉ်းပါတယ်။ အသည်းရောင် အသားဝါ B ရုတ်တရက် (Acute) ရရှိပါက ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း အဆစ်အမြစ်နဲ့ ကိုယ်လက်ကိုက်ခဲခြင်း တခါတရံ အရေပြား ယားယံပြီး စတဲ့ လက္ခာတွေကို တွေ့နိုင်ပြီး ဒီလက္ခဏတွေပဲ ထိန်းချုပ်လို့ရပြီး ရောဂါအတွက် သီးသန့် ဆေးမရှိပါဘူး။ အစာ၊ အာဟာရ လက္ခဏာထိန်းချုပ်တဲ့ ဆေးတွေနဲ့ကု အနားယူပြီး နှစ်ပတ်သုံးပတ်အတွင်း သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရတဲ့ ဆယ်ယောက်မှာ တယောက်နှုန်းခန့် နာတာရှည် (Chronic) ဖြစ်သွားနိုင်ပါတယ်။ နာတာရှည် အသည်းအရာင် အသားဝါရထားသူဟာ အသည်းနဲ့ပတ်သက်တဲ့ တခြား ဆက်ပွားရောဂါတွေ ၀င်ဖို့ သိပ်ကိုနီးစပ်လို့ အထူးဂရုပြုသင့်ပါတယ်။ အစာအာဟာရကို အသားဓါတ် အလွန်အမင်းမစားပဲ အရက်ကို လုံးဝရှောင်သင့်ပါတယ်။ နေမကောင်းမှ ဆရာဝန်ပြခြင်းမဟုတ်ပဲ ဆရာဝန်နှင့် တနှစ် ဘယ်နှစ်ကြိမ် တွေ့မယ်ဆိုတာ တိုင်ပင်သတ်မှတ်ပြီး အမြဲတမ်း ညွန်ကြားမှုခံယူ၊ အနေအထိုင် အစားအသောက် ဆင်ခြင်ရင် ရောဂါမရှိသူနီးပါး နေသွားနိုင်ပါတယ်။

လိပ်ခေါင်းရောဂါနဲ့ Hepatitis B တိုက်ရိုက်ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းက ခန္ဓာကိုယ်ထဲမှာ အကြီးဆုံးအတွင်းအင်္ဂါ အစိတ်အပိုင်းဖြစ်ပြီး တခြားခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါးနဲ့ ဆက်စပ်အလုပ်လုပ်ရတော့ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတခုဖြစ်တိုင်း တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ တနည်းနည်းနဲ့ ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် အသည်းက အစာအိမ်မှ ပို့လာတဲ့ အာဟာရတွေကို ပြန်လည် စီစစ်ပြုပြင် နေရာချပြီး ခန္ဓာကိုယ်အနံ့ ပြန်လည်ဖြန့်ဖြူးပေးတဲ့ နှလုံးကို ရောက်အောင် ပို့ပေးရတော့ ရောဂါတခုခုကြောင့် အသည်းအလုပ်လုပ်မှု အားနည်းသွားတာနဲ့ အစာခြေဖျက်မှု စနစ်နဲ့ အစာပို့ဆောင်မှု စနစ်မှာလည်း အားနည်းသွားပါတယ်။ လိပ်ခေါင်းရောဂါအကြောင်းကို နောက်ပိုင်း အချိန်ရရင် သီးသန့်ပို့စ်တခု တင်ပေးပါမယ်။

6. မေး။ ။ သွား အနည်းငယ်ခေါနေတာကိုပြင်ချင်ပါတယ် သွားပြင်၇င် အကျိုးအပြစ် ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ (Linn)

ဖြေ။ ။ သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကဏ္ဍကို ၀န်ဆောင်တဲ့ Professionals သီးသန့်ရှိလို့ တခြား Health Care Professionals တွေအနေနဲ့ ဒီမေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ကျွန်မမထင်ဘူး။ သွားကို ပြုပြင်ပေးနေတဲ့ Dental Surgeon တွေကိုယ်တိုင်ကလည်း လူနာကိုယ်တိုင်ကို တွေ့ပြီး ပြုပြင်ရမည့် အခြေအနေ လူနာရဲ့ သွားဖုံးနဲ့ သွားအရင်းရှိ အရိုးတည်ဆောက်ပုံ အနေအထားတွေကို အတိအကျ စစ်ဆေးပြီးမှ သိနိုင်ပါလိမ့်မယ်။ တချို့က သွားကိုပဲ ပြန်တည့်မတ်ပေးဖို့ လိုပြီး တချို့ကျတော့ အရိုးကွင်းကိုပါ ပြုပြင်ရတာ ရှိတယ်ဆိုတာ သိရပါတယ်။ ပြုပြင်ရမည့် အခြေအနေအပေါ်မူတည်ပြီး အချိန်ကာလနဲ့ အကျိုးအပစ်တွေက ကွာခြားနိုင်ပါတယ်။ အခြေခံ ကျန်းမာရေးကို အစိုးရက တာဝန်ယူတဲ့ နိုင်ငံတွေမှာတောင် Dental Health အတွက် မိမိပိုက်ဆံနဲ့ အိပ်စိုက်အသုံးပြုရပါတယ်။ ပြီးတော့ Dental Health က တခြားကျန်းမာရေးကစ္စတွေထက် ပိုပြီး ဈေးကြီးပါတယ် ရိုးရိုး Dentist ကို တခါတွေ့ရင်တောင် အထွေထွေဆရာဝန်ကို တခါတွေ့တာထက် ပိုဈေးကြီးတယ်ဆိုတာ သိရတယ်။ ဒါကြောင့် သွားအလှပြုပြင်တဲ့ Dental Surgeon ဆီက Information pack ဒါမှမဟုတ် Leaflet တွေကို အရင်ဖတ်ကြည့်ပြီး မိမိပြုပြင်ရမည့် အခြေအနေကို အကြမ်းဖြင်းတော့ သိအောင်အရင်လုပ်ပါ။ ပြီးတော့မှ Dental surgeon နဲ့ တွေ့ ကိုယ်သိချင်တာ မေးပြီးတိုင်ပင်တာ အကောင်းဆုံးပဲလို့ ကျွန်မ အကြံပြုချင်ပါတယ်။

Discuss   Add this link to...  Bury

Comments Who Voted Related Links