Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၈ )
2
Vote
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၈ )
Posted by
shwedream
1055 days ago
(
http://feedproxy.google.com
)
View profile
Category
:
Personal & Life
ပုဂံ နေ့လည်ခင်း နှင့် တောင်တော်ရွှေပုပ္ပါး---
သူ ကျမ အား ပုပ္ပါးသို့ လိုက်ပို့ သည်--ပုပ္ပါး တောင် ကလပ် ပေါ် တက်ရင်း--- ဗဟုသုတ ဖြစ်စေ မည့် နတ် ကိုး ကွယ် မှု ဆိုင်ရာ မြန်မာ့ ယဉ်ကျေးမှု အစွဲ အလန်းများကို ရှင်းလင်း ပြောပြနေသည်။
မနုဿဗေဒ ပညာရပ်မှာ တိုတမ် ဆိုတဲ့ စကား အသုံး အနှုန်း တခုရှိတယ်--ဗြိတိသျှ လူမျိုးတဦး ဖြစ်တဲ့ မနုဿ ဗေဒ ပညာရှင် ဂျေလောင်း ဆို သူ က အိန္ဒိယ က နေ ၁၈ ရာစုနှစ် လောက် ခန့် က မနုဿ ဗေဒ ပညာရပ် အ တွင်း ကို တင်သွင်း ယူဆောင် လာခဲ့ တာ ဖြစ်တယ်---အဲဒီ ဝေါဟာရ စကားလုံးဟာ မြန်မာ တို့ရဲ့ မိဆိုင် ဖဆိုင် သို့မဟုတ် ရိုးရာ ဆိုတဲ့ ဝေါဟာရ နဲ့ နီးစပ်လိမ့်မယ်ထင်တယ်---
ရှေးဟောင်း လူမျိုးတိုင်းမှာ တိုတမ် ခေါ် ရိုးရာ အစွဲ အလန်း နဲ့ ယုံကြည်မှု တွေ ရှိကြတယ်--သိပ္ပံပညာ ရပ်တွေနဲ့ ယဉ်ပါးခြင်း မရှိကြသေးတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်း တွေမှာလည်း ရိုးရာ အစွဲ အလန်း တွေဟာ အမြစ်တွယ် အားကောင်းနေဆဲပါပဲ---
အာရှ အရှေ့ဖျား က ဂျပန်လူမျိုး များထဲမှာ အချို့က သူတို့ကိုယ် သူတို့ နေမျိုး နွယ် လို့ ယနေ့ထိ ယုံကြည် စွဲလန်း နေသူ တွေ ရှိတယ်--ရှေးဟောင်း ရောမ လူမျိုးတွေ က တော့ သူတို့ ကိုယ် သူ တို့ ဝံပုလွေ က ဆင်းသက် လာ တယ် လို့ ယုံကြည် စွဲလန်း ခဲ့တာ-----။ ရိုးရာ စွဲလန်း မှုတွေ ဟာ--မြန်မာနိုင်ငံ တောင်တန်း ဒေသ မှာ နေထိုင် ကြ တဲ့ တိုင်းရင်းသား လူမျိုးများ သာ မက ပါဘူး ---မြေပြန့် အရပ် ဒေသမှာ နေထိုင် ကြတဲ့ သူတွေလည်း ရိုးရာ အစွဲ အလန်း ဓလေ့ တွေ ရှိကြတယ်။
ဒေါက်တာ သန်းထွန်း ပြောသလို ပေါ့- ဗုဒ္ဓသာသနာ အရိပ် ကို ခိုပြီး နတ် အယူကို အသက် ရှည် အောင်လုပ်ဖို့ ရည်ရွယ် ချက် ရှိသူ တွေက စတင် ရေးသား ရွတ်ဆိုခဲ့တယ် ဆိုရင် စတင်သူကို နီးနီး စပ်စပ် ဖေါ်ထုတ်နိုင်ပြီ လို့ ဆိုရမယ်--။ မကောင်းသူကို ပယ်--ကောင်းသူကို ကယ် ဆိုတဲ့ သဘောထား ကလည်း ခေတ် ကာလ မငြိမ် တဲ့ အခါ ကြောက် ရမယ့်သူတော့ ရှိဦးမှ ဆိုတဲ့ အချိန်ကာလ ကို ညွှန်းတယ်-- နတ်ချင်းတွေ စစ်ဆေးပြီး သမိုင်း မှာ ဘယ် လောက် သုံးနိုင် မလဲ လို့မေးရင်--- သုံးမရဘူး လို့ပဲ ဖြေရမယ်--နတ် တချို့ ဟာ သမိုင်းမှာ တကယ်ရှိ ဘူး သလား လို့ မေး ရင် မဖြေ နိုင်ကြဘူးတဲ့။
ရွှေနပေ နတ် ကို မင်းတုန်း မြို့သူ လို့ပြောတယ်--လင်ပစ် သွားလို့ စိတ် ဆင်းရဲပြီး သေတယ်လို့ ပြောတယ် နတ်ဖြစ် တော့လည်း စိတ်ဖေါက်ပြီး အဆုံး မသတ် တဲ့ မုန့်လုံး စက္ကူ ကပ် သီချင်း ကို ဆိုတယ် လို့ သိရတယ်--နဂါး မ ယားလား-တောတွင်း သား မယားလား-မောင်တင့်တယ် မယားလား-နတ်ချင်း က လည်း ရှင်း မပေး ဘူး။ သုံး ပန်လှ နတ်က မွန် အမျိုးသမီးတဲ့ သရေခေတ္တရာ ရောက်လာပြီး သေဆုံးတယ် သူက ရေနဲ့ ဖြန်းရင် စိတ် ရွှင်ကြ မယ်လို့ ဆိုတယ် မောင်တင့်တယ် နှမ ထွေးလှလား နတ်သံကို ဖတ် ကြည့်တော့ တကောင်းက ပြေးလာ ပြီး သ မိန်ထောနဲ့ အိမ်ထောင် ကျတယ် တဲ့ ဝတ္ထု တပုဒ် တိုးလာတယ်။
ဦးမင်းကျော်ခေါ် ကိုကြီးကျော် နတ် က တော့ မြင်းခေါင်း ဖြစ်ခဲ့ ဘူးသူ ဖြစ်ပြီး ကြက်ကင်နဲ့ ထန်းရည် အလွန် အ မင်း ကြိုက်တယ် တဲ့ ပခန်းမြောင်း တူးစဉ်က အသတ်ခံရသူလား - ကိုးမြို့ရှင် ရှမ်းလား- စည်သူမင်းရဲ့ သား ပုပ္ပါး ဘို့မယ် လင်လား -အင်းဝ မင်းခေါင်သား မင်းရဲကျော်စွာ လား ခွဲခြား မသိဘူး။ အောင်စွာနတ် လည်း မြင်းထိန်း -ဖြစ်ခဲ့ ဘူးတယ်တဲ့ မြင်းတော်ခံ ငပြည့်-- နရသူ ကွပ်မျက်တယ်လို့ ပဲ ပြော တယ်--သူလည်း အသောက် အစား များသူ။
မဟာဂီရိ နတ်သံမှာ ငါလာခဲ့တာ တကောင်း က--ဓါးလှံ ပြီးတဲ့ လူစွမ်း ကောင်းကို မီးတိုက် သတ်ရင် သေ တယ် ဆိုတဲ့ ယုံကြည် ချက်ကို ပြောတယ်။နှမတော်က ပုပ္ပါးတောင်မှာ ပန်း မျိုးစုံ ပေါတယ်--လာကြ လို့ ဖိတ်ခေါ် တယ်။
မနဲလေး နတ် က ကလေး ငိုရင် မုန့်လုံး ကျွေး ကလေး အငိုတိတ် စေရမယ် လို့ အာမ ခံတယ်။ ထီးဖြူ ဆောင်း နတ် က ပုဂံအနော်ရထာ ဖခင်။ ထီးဖြူ ဆောင်း မယ်တော်နတ် က အနော်ရထာ မိခင်။ ပရိဗ္ဗ ရှင်မင်းခေါင် က ကျည်းစိုးမင်း ဖြစ်တယ်တဲ့--အမဲလိုက် မုဆိုး ပစ်တဲ့ မြှားမှန်ပြီး သေတယ်။ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် နတ် ညီအစ် ကို က အမှုထမ်းပေါ့လို့ မင်းမိန့်နဲ့ အသတ်ခံရတယ်--တောင်ပြုံး အရပ်က ကျော်စဉ်တိုက်ကို ညွှန်းတယ်--သူတို့ နှစ်ယောက်ရဲ့ အထိန်းတော် ပုဏ္ဏားလည်း အသတ်ခံရပြီး နတ်ဖြစ်တယ်--မန္တလေး ဘိုးတော် နတ် လို့ခေါ် တယ်။
တောင်မကြီး ရှင်ညိုနဲ့ မြောက်မင်းရှင် ဖြူတို့က နပန်းသမား ညီအစ်ကို -သရေခေတ္တရာ မင်းက အချင်းချင်း ထိုး သတ်ခိုင်းလို့ သေပြီး နတ်ဖြစ်တာတဲ့။မင်းစည်သူ နတ်က အလောင်းစည်သူ- ငါးစီရှင်နတ်-မင်းတရားနတ်-တပင် ရွှေထီးနတ်။ မြန်မာ ရိုးရာ နတ်တွေက တော်တော် များတယ်။ နတ်ဖြစ် သွားကြ သူတွေ ဟာ မတရား အနှိပ်စက် ခံရတယ်--နတ်ဖြစ်တော့ ကိုယ်ချင်းစာ စိတ်နဲ့ ခင်မင်တဲ့ လူတွေကို အခက်အခဲ က လွတ်မြောက်အောင် ကူညီ မယ် ဆိုတဲ့ သ ဘောပဲရှိတယ်--ဘာမှတော့ သမိုင်းအသိ မဖြည့်ပေးနိုင်ဘူး။
ခေတ် တွေ စနစ် တွေ ပြောင်းလို့ မြန်မာ နိုင်ငံကြီး ချမ်းသာ ကြွယ်ဝပြီး ခေတ်မီ တိုးတက် လာရင်-- အမျိုးသား ရှေးဟောင်း ယဉ်ကျေးမှု အမွေ ဖြစ်တဲ့ ပုဂံမြေ မှာ သစ်တောတွေ များများ စိုက်လာ နိုင်တာနဲ့အမျှ မိုးလေဝသ မှန်လာ မှာပါပဲ--ပုဂံ ဘုရင်တွေ လက်ထက် က တည်းက ချွေးစီးစီး ကျအောင် လွန်ဆွဲ မိုးခေါ်လာ ခဲ့ကြတာဟာ မြန်မာ့ယဉ်ကျေးမှုတရပ် အနေနဲ့ ပဲကျန်ခဲ့တော့မှာပါ---။
ပုပ္ပါး တောင်ထိပ်က နတ်သိုင်းဆရာ မိုးခေါင်ကျော်စွာနတ်မင်း လည်း ခေတ်စနစ်တွေနဲ့အတူ-- အခြား အရပ်ကို ထွက်ပြေး သွား လောက်ပြီနဲ့ တူပါတယ်---သူ--ရယ်မော စွာ ပြော ရင်း ပုပ္ပား တောင်ပေါ် က ဆင်း လာတော့ တောင် ခြေ ပန်း အရောင်း ဆိုင်လေးမှာ --စကားဝါပန်းတွေဝယ် ပေးတယ်--စကားဝါ ပန်းဟာ ပုပ္ပားရဲ့ အထိမ်း အမှတ် ပါပဲ--မ--တဲ့---
နောက်--သူ လွမ်းမောစွာ ပြောလာတယ်--ပုဂံ ခေတ်က ဗျတ္တ ဆို တဲ့ ပန်းဆက် သမား လေးဟာ ပုပ္ပားမှာ ပန်း လာ ခူးရင်း ပုပ္ပား သူလေးနဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်--တဲ့ ပန်းဆက် နောက်ကျတဲ့ ဗျတ္တ---တ ယောက်-- ရှင်ဘုရင် အမိန့်နဲ့ အသတ် ခံလိုက်ရ တယ်လို့ ပုဂံ ပုံပြင်တွေက ပြောတယ်--ပုပ္ပားသူလေး လည်း ရင် ကွဲနာ ကျ ပြီး ဆုံး သွားရှာတယ်-တကယ်တော့ --- မ အတွက် နေ့တိုင်း ပန်းဆက်နေတဲ့ ကျွန်တော်ဟာ ---ပုဂံက ဗျတ္တ လို--ပန်းဆက်သမား ပါဗျာ---။
Discuss
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
906
Create Apple.com Style Search ...
906
Myanmar Thingyan
906
Preview Photoshop Brushes Easi...
906
Free Icon Set for Web Develope...
905
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
entertainment
fastdomain
finance
mortgage
web hosting
read more
Comments