၁၉၁၇ ခုနှစ် မဟာအောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီး အောင်ပွဲခံပြီးခဲ့သည့် အချိန်မှ စပြီး အုတ် မြစ် ချ တည်ဆောက်လာခဲ့သည့် ဆိုဗီယက်ယူနီယံ သည် ၇၅ နှစ်နီးပါးမျှ စစ်ရေး-နိုင်ငံရေး-စီးပွားရေး-အင်အားကြီး မားလှသော ကမ္ဘာ့နိုင်ငံကြီး တနိုင်ငံအဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့သည်။ အမေရိကန်နယ်ချဲ့ စနစ် နှင့် ကိုလိုနီ စ နစ်ဆန့်ကျင် သော ကမ္ဘာ့နိုင်ငံငယ်လေးများ ၏ အားကိုး အားထားပြုရာလည်းဖြစ်ခဲ့သည်။ အာရှတိုက် မှ ကိုး ရီးယား-ဗီယက်နမ်-လော- ကမ္ဘောဒီးယား နိုင်ငံ များ-အာဖရိက မှ ကွန်ဂို -အင်ဂိုလာ-မိုဇမ်းဘစ်-တန်ဇန်နီးယား ဇမ်ဘီယာနိုင်ငံများ-အာရပ်ကမ္ဘာ မှ အီဂျစ်-ဆီးရီးယား-အီရတ်-ယီမင်-အယ်လ်ဂျီးရီးယား နှင့် အာရာဖတ် ၏ ပီအယ်အိုအဖွဲ့များ-လက်တင်အမေရိကား မှ-ကျူးဘား-ချီလီ-ဂရင်နာဒါ-နိုင်ငံများနှင့် အရှေ့ ဥရောပ နိုင်ငံများမှ ခေါင်းဆောင်များသည် မော်စကိုမြို့တော် သို့ ဝင်ထွက်သွားလာ ကာ -ငွေကြေး-လက်နက် အကူအညီများ တောင်း ခံရယူခဲ့ကြသည်။

ဆိုရှယ်လစ် စီးပွားရေး မူဝါဒ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းမှန်သမျှ ကို လုံးဝခွင့်မပြုပဲ ကုန်ထုတ် စွမ်း အားစု များ နှင့် ကုန်ထုတ်လုပ်မှု အားလုံး ကို နိုင်ငံပိုင်အဖြစ်သိမ်းယူကာ ဗဟိုမှ ချုပ်ကိုင်သည့် စီးပွားရေးစနစ် ကို ကျင့် သုံးလာခဲ့ရာ--တပါတီ စနစ်၏ ကြီးမားလှသော ချို့ယွင်းမှုများနှင့် ညံ့ဖျင်းလှသည့် စီမံ ခန့်ခွဲမှု များကြောင့် ပြည် သူပိုင် စက်ရုံ အလုပ်ရုံများနှင့် နိုင်ငံပိုင် သိုလှောင်ဖြန့်ဖြူးရေး ဌာန အားလုံးတို့မှာ ဖရိုဖရဲဖြစ်ကာ တ ဖြည်း ဖြည်း လုံးပါးပါး သွားခဲ့ရသည်။

စီးပွားရေး ချွတ်ခြုံ ကျ မှု ကို ပြန်လည် အဖတ် ဆယ် နိုင် ရန် အတွက် ဗဟို မှ ချုပ်ကိုင်သည့် စီးပွားရေးစနစ် ကို ပုဂ္ဂလိ က စီးပွားရေး လုပ်ကိုင်ခွင့်များ အပါအဝင် ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲ ရန် ဂေါ်ဘာချောဗ့် ၏ ပယ် ရယ်စ် ထရွိုက်ကာ ခေါ် ပြန်လည်ပြုပြင် ပြောင်းလဲရေး မူဝါဒ နှင့် ပွင့်လင်း လွတ်လပ် ရန် ပြောဆို နိုင်ရန် အ တွက် ( ဂလပ်စနော့ ဝါဒ ) ကို ကျင့်သုံး ရန် လှုံ့ဆော် လှုပ်ရှားမှု အပေါ် စနစ်ဟောင်း ကို အရိုးစွဲနေသူ ကွန် မြူနစ် ပါတီ အတွင်း မှ အယူသီးဝါဒ သမား များ- ရုရှားပြည်သူလူထု တွင်း မှ ရှေးဟောင်း အယူ အဆ ပြင်း ထန် သူ များ ၏ ခုခံ ဆန့် ကျင်မှု များ ကြောင့် ဂေါ်ဘာချော့ဗ် ၏ ပြန်လည်ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ က စင့် ကလျားဖြစ် ကာ စီးပွားရေး အကျပ်အတည်း များ အကြီးအကျယ် ဖြစ်ပွားလာပြီး နောက်ဆုံး ၁၉၉၁ ခုနှစ်-သြဂုတ်လတွင် သ မ တ ဂေါ်ဘာချော့ဗ် အား ဖြုတ်ချ ၍ အာဏာသိမ်းရန် ကြိုးပမ်းမှုကြီး ပေါ် ပေါက် လာသည် အထိ ဖြစ်ခဲ့သည်---ဂေါ်ဘာချော့ဗ် ကိုယ်တိုင်လည်း နိုင်ငံခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးခဲ့ရသည်။

၁၉၉၁ ခုနှစ် သြ ဂုတ်လ ၁၉ ရက် နေ့ က ဂေါ်ဘာချော့ဗ် ထံမှ အာဏာ သိမ်း ရန် မော်စကိုမြို့ တွင်း သို့ အ လုံး အ ရင်း ဖြင့် ဝင်ရောက် လာ ကြ သည့် ကေဂျီဘီ အထူး တပ်ဖွဲ့ များ နှင့် သံချပ်ကာ ကား တပ် များ အား လုံး ကို မော်စကို မြို့ တွင်း မှ ပြန်လည် ဆုတ်ခွာ သွားကြ ရန် ဘောရစ္စယဲ့ဆင်သည် သံချပ်ကာ ကားတစီးပေါ် သို့တက် ၍ ရဲရဲ တောက် မိန့်ခွန်း ပြော ကြား ကာ-ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သည်။

ဘောရစ္စယဲ့ဆင်သည် ရုရှားသမတ နိုင်ငံ ၏ ပထမဆုံး သော ဒီမိုကရေစီ ရွေးကောက်ပွဲ တွင် လူထု ၏ အကြီး အ ကျယ် ထောက်ခံမှု ရရှိ ကာ-ရုရှားသမတ နိုင်ငံ၏ ပထမဆုံးသော သမတ ဖြစ်လာ ခဲ့ သည်။

ပြိုကွဲ ပျက်စီးသွားခဲ့ပြီဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကြီး ကို ပြန်လည် စုစည်း တည်ဆောက် ရန် အတွက် ယဲ့ ဆင်သည် ၁၉၉၂ ခုနှစ်-ဇန်နဝါရီလ ပထမပတ် အတွင်း မှာပင်-ဘိုင်လိုရုရှားသမတ နိုင်ငံ -မင့်စ်ခ်မြို့တော် တွင် ယခင်ဆိုဗီယက် ပြည်ထောင်စုကြီး တွင် ပါဝင်ခဲ့ကြသည့် သမတ နိုင်ငံ ၁၁ နိုင်ငံမှ သမတများ နှင့် ဝန်ကြီးချုပ် များ ကို ခေါ်ယူ တွေ့ဆုံ ၍ အကြိတ်အနယ် ဆွေးနွေးကာ ( လွတ်လပ်သော ဓနသဟာယ နိုင်ငံ များ အဖွဲ့ ) ကို ဖွဲ့ စည်းတည်ထောင်လိုက်သည်။

ကမ္ဘာကြီး ၏ ခြောက်ပုံ တစ်ပုံ မျှ ကျယ်ဝန်းကြီးမား ၍ ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံမျှ နေ ထိုင် လျက်ရှိကြ သော ဆိုဗီယက်ယူနီယံ နိုင်ငံကြီးပြိုကွဲပြီးသည့် တိုင် မဟာဗျူဟာ နူကလီးယား လက်နက်ကြီး များ-အင် အားကြီး မား လှသည့် လက်နက်ကိုင် တပ်ဖွဲ့များ-အံ့မခန်းတိုးတက်လျက်ရှိသည့် သိပ္ပံပညာရပ်များ-စစ်အေးတိုက်ပွဲကို အ ကြောင်းပြု၍ နှစ်စဉ်တိုးချဲ့ ဖွဲ့စည်းလာခဲ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်သားဦးရေ သုံးသန်း ခုနှစ်သိန်း-တိုက်လေယာဉ် အစင်းပေါင်း တစ်သောင်း-သံချပ်ကာကား-ငါးသောင်းခြောက်ထောင်-မြေပြင်နှင့် လေယာဉ်ပစ် အမြောက် လက်နက် ကိုးသောင်း-စစ်သင်္ဘော အစင်းရေ-ရှစ်ရာတိတိ ရှိနေခဲ့သည်။ အရေအတွက် များပြား သည့် စစ်ဝန်ဆောင်စားရိတ်များ အား ဓန သဟာယ အဖွဲ့ က စုပေါင်း ၍ ဗဟိုချုပ်ကိုင် မှုဖြင့် တာဝန်ယူသွား ရန်သမတ ယဲ့ဆင်က အကြံပြု တင်ပြခဲ့သော်လည်း -ယူကရိန်း- မော်လဒေးဗီယား နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့က မိမိတို့ နိုင်ငံများအတွက် ကိုယ်ပိုင်သီးခြား လက်နက်ကိုင် တပ်ဖွဲ့များ ဖွဲ့စည်းရန်စီစဉ်ထားပြီဖြစ်ကြောင်း ယဲ့ဆင်၏ အကြံပြုချက်အား ကန့်ကွက် ပယ်ချခဲ့သည်။

နောက်ဆုံး ယဲ့ဆင် သည် ဓနသဟာယ နိုင်ငံများ အားလုံး ကျေနပ်စေရန် အတွက်-မိမိတို့ နိုင်ငံမှ ပြဌာန်း ထား သည့် တရားဥပဒေ အရ မိမိတို့ တစ်နိုင်ငံခြင်း တပ်မတော် များထူထောင်နိုင်ခွင့် ရှိကြောင်း အသိ အမှတ်ပြုခဲ့ ရ သည်။ ကျန် ဓနသဟာယ အဖွဲ့ဝင် ရှစ်နိုင်ငံတို့သည်-ရုရှားနိုင်ငံ၏ ကွပ်ကဲမှုဖြင့် ဖွဲ့စည်းထားသည့် ဓနသဟာယ စစ်ဦးစီးမှု တခုတည်း ၏ အမိန့်ကိုနာခံရန် သဘောတူခဲ့ကြသည်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံ ကို တည်ထောင်နေရသည့် ယဲ့ဆင်သည် ပြည်တွင်းအတိုက်အခံများ၏ အုံကြွ ဆန့် ကျင် မှု ကို အလူး အလဲ ခံခဲ့ရသည်။ ယဲ့ဆင်သည် စစ်တပ် မှ အာဏာသိမ်းပွဲ ကို ဖြိုခွင်းခဲ့ပြီး နောက် ကွန်မြူနစ် ပါတီ အားလုံး ကို ဖျက်သိမ်းပစ်ခဲ့ပြီး ပါတီ အဆောက်အအုံ နှင့် ရန်ပုံငွေများ ကို ပြည်သူပိုင် အဖြစ် သိမ်းခဲ့သည်။ ယဲ့ ဆင် သည် ပူတင် အား မော်စကို သို့ ခေါ်ပြီး တာဝန်အဆင့်ဆင့်ပေးကာ နောက်ဆုံး သူ့ရာထူး ဆက်ခံရန် တင် မြှောက် လိုက်သည်။

သမတပူတင်သည် ရုရှားပြည်သူလူထု ၏ ထောက်ခံ မှု ၇၀ ရာခိုင်နှုန်း ကျော်ရှိပြီး သမတ သက်တန်း၈ နှစ် အ တွင်း သူ ၏ လုပ်ဆောင်ခဲ့မှု များအား ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကရင်မလင် တွင် နောက်ဆုံး သ တင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ပြီး ပူတင် စိတ်ကြိုက် ရွေးချယ်ပေးခဲ့သည့် ယခု ရုရှား သမတ ဒီမီထရီ မက် ဒက် ဖ် သည် သမတ ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

Discuss   Add this link to...  Bury

Comments Who Voted Related Links