Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
နိုင်ငံတကာအခြေအနေ ----( ဂျပန် )
2
Vote
နိုင်ငံတကာအခြေအနေ ----( ဂျပန် )
Posted by
shwedream
1052 days ago
(
http://feedproxy.google.com
)
View profile
Category
:
Personal & Life
ဒုတိယ အနေဖြင့် နိုင်ငံတကာ သမိုင်း ကြောင်း နှင့် ယနေ့ ဂျီ အိပ် ဟုခေါ်သည့် ကမ္ဘာ့ ထိပ်သီး စက် မှု နိုင်ငံ များ အကြောင်း ဆက်ရေးမည်ကြံသော အခါ ဂျပန်နိုင်ငံ အကြောင်း ရေးမိ သည် -- ဂျပန်နိုင်ငံသည် အာရှ တွင် အကြီးဆုံး စက်မှုနိုင်ငံကြီး ဖြစ်သည့်အပြင်--ယနေ့မျက်မှောက် ကာလ တွင်--အာစီယံ နိုင်ငံများ က ဂျပန် ၏ ခြေလှမ်းများအားကြည့်ပြီး--သံယောင် လိုက်တတ်သောကြောင့် ရွေးချယ် လိုက်ရခြင်းဖြစ်ပါသည်။ ဂျ ပန် နိုင်ငံ တွင် နှစ်ပေါင်း ငါးဆယ်ကျော် တောက်လျှောက် အာဏာ ရလာသည့် ယနေ့ လက်ရှိ အာဏာရပါတီ ဖြစ်သည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ၏ သမိုင်းကြောင်း အား လေ့လာကြည့်သော အခါတွင်---
ဂျပန်ပြည် တွင်း အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန် သည့် ယာကူဇာ အဖွဲ့တဖွဲ့ အား ကြိုးကိုင် သူ လက်ျာအစွန်း ရောက် ဝါဒီ တဦးဖြစ် သူ ယိုရှီအိုကိုဒါမာ က အစပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၃၄ ခုနှစ် တွင် ကိုဒါမာသည် ဂျပန် အ စိုးရ အဖွဲ့ ဝင် ဝန်ကြီး အားလုံး ကို လုပ်ကြံ သတ်ဖြတ် ရန် စီစဉ်မှုဖြင့် ထောင်ကျခဲ့သည်။ ကိုဒါမာ ထောင်မှ လွှတ် လာပြီး နောက် ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ်ပြည်ရှိ ဂျပန်ရေတပ် အား လိုအပ်သည့် ပစ္စည်း များ ပေး သွင်း ယင်း ပိုမို ချမ်းသာလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီး အမေရိကန် မှ ဖမ်းဆီးထားသည့် အချမ်းသာဆုံး စစ် ရာ ဇဝတ် ကောင် ၆၄၄ ဦး အနက် ဒုတိယ အချမ်းသာဆုံးဖြစ်သည်။
အမေရိကန် သည် ကိုဒါမာ နှင့် အပေး အယူလုပ်ပြီး ငှင်းတို့ ယာကူဇာ အဖွဲ့ ဟောင်းများ ထံ ပြန်လွှတ် လိုက် သည် ကိုဒါမာ သည် နိုင်ငံရေးပါတီ တခုအဖြစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အား စတင် ဖွဲ့စည်း တည် ထောင် လိုက်သည်။ သူ့ပါတီ ကို ရှေးရိုး စဉ်လာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ နှင့် ၁၉၅၅ တွင် ပေါင်းပြီး လျှင်-- ယနေ့ အထိ အာဏာရလာခဲ့သည်။
နောက်တဦး မှာ ကိုဒါမာ နှင့်အတူ ထောင်ကျခဲ့သည့် ကိုဒါမာ ၏ အရင်းနှီးဆုံး လုပ်ဖေါ် ကိုင်ဘက် စစ်ရာဇဝတ် ကောင် ရယိုအိချိ ဆာဆာကာဝါ ဖြစ်သည်။ ဆာဆာကာဝါသည် ဂျပန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်ရေးအား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ ဖက်ဆစ်တဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ရှန်ဟိုင်း မှာ နေထိုင်လျက် တ ရုတ်ပြည်မ ကြီး မှ စိန်ရွှေများ လုယက်ပြီး ဂျပန်စစ်တပ် အား ထောက်ပံ့ခဲ့သည်။ လေယာဉ်စင်းလုံးဖြင့် ရောမ သို့ မကြာခဏ သွားရောက်ပြီး အာဏာရှင် မူဆိုလီနီ နှင့်မကြာခဏ တွေ့ဆုံခဲ့သည်။ ဟစ်တလာအား တွေ့ဆုံရန် ကြိုး ပမ်းခဲ့သော်လည်း မတွေ့လိုက်ရသည်ကို ဝမ်းနည်းပက်လက် ဖြစ်နေသူတဦးဖြစ်သည်။ သူသည် ကိုဒါမာ နှင့် အ လွန်ရင်းနှီး သကဲ့သို့ ငှင်းတို့နှင့် ထောင်ကျဖေါ် ကျဘက် ၁၉၅၇ မှ ၁၉၆၀ အထိ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဖြစ်ခဲ့ သူ နိဘူဆုကီကီရှီ နှင့်လည်း အလွန်ရင်းနှီးကြသည်။
ဂျပန် နိုင်ငံတွင်း လောင်းကစား ဝိုင်း တည်ထောင်ပြီး ပိုမို ချမ်းသာလာသည်-- အနှစ် ၂၀ အကြာတွင် ငှင်း အ မ
ည် ဖြင့် ဆာဆာကာဝါ ဖောင်ဒေးရှင်း အား တည်ထောင်လိုက်ပြီး ငှင်းဖောင်ဒေးရှင်းတွင် သူသည် အကြီးအကဲ ဖြစ်လာသည် အဖွဲ့ခွဲ တခု မှာ နီပွန်ဖောင်ဒေးရှင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက် တွင် ယင်းဖောင်ဒေးရှင်းများနှင့် မြန်မာနိုင်ငံအတွင်း တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ကြသည်။
နောက်တဦးဖြစ်သူ မှာ ကိုဒါမာ ကျောထောက်နောက်ခံပြုပေးခဲ့သည့် ခခုအဲအိ တာနာကာဖြစ် သည် နောင် တ ချိန် တွင် ဝန်ကြီးချုပ်ဖြစ်လာပြီး ဝန်ကြီးချုပ် ၏ နောက်ကွယ်မှ မင်းဆရာသည် ကိုဒါမာဖြစ်လာ သည်။ တာနာကာ သည် ပြည်သူ့ လုပ်ငန်း စီမံကိန်း များဖြစ်သည့် လမ်းတံတား အဆောက်အဦး ဆောက်လုပ်ရေးများ တွင် လာဘ် ငွေများ ယူပြီး ဂျပန် နိုင်ငံရေးသမားများ အား အသပြာ နိုင်ငံရေးသမား များဖြစ်ရန် လမ်းပြခဲ့သည်။ ၁၉၇၆ ခုနှစ် အမေရိကန် အထက်လွှတ်တော် အဖွဲ့ခွဲမှ လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံရေး သမား များနှင့် လုပ်ငန်းရှင်များ ကို အမေရိကန်ဒေါ်လာ ၁၃ သန်း လာဘ်ပေးမှု ဖြင့် ကိုဒါမာ နှင့် တာနာကာ နှစ်ဦး တို့ ထောင်ကျခဲ့ကြသည်။
တကယ်တော့ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ် ပါတီသည် လူတဦး မှ သည် အခြေတည်ပြီး အုပ်စုများနှင့် ပေါင်း စည်းထားသော နိုင်ငံရေးပါတီသာဖြစ်သည်။ နိုင်ငံရေးပါတီ တရပ်တွင် ရှိရမည့် နိုင်ငံရေး သဘောတရားအမြင် ဘာမှ မရှိပေ။ ဂျပန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ မှာ အမေရိကန်လုပ်သမျှ နေ့ မကူးမီ ၂၄ နာရီအတွင်း အပြေး အလွှား ထောက်ခံရေးပင်ဖြစ်သည်။ ကိုဒါမာသည် ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ တွင် တန်ခိုးသြဇာ အရှိ ဆုံးဖြစ်ခဲ့ကာ အမေရိကန်တို့ အား ကောင်းစွာအလုပ်အကျွေး ပြုခဲ့လေသည်။
၁၉၆၀ တွင် အမေရိကန် သမတ အိုက်ဆင်ဟောင်ဝါ မှ ဂျပန်သို့ အလည်လာမည့်ခရီးစဉ် တွင် အမေရိကန် ဆန့် ကျင်ရေးသမားများ အား ထိန်းချုပ် ပေးရန် အမေရိကန်ထောက်လှမ်းရေးများ သည် ကိုဒါမာ အား ချဉ်း ကပ် ခဲ့ သည်။
ထိုကိစ္စ အတွက် ကိုဒါမာ သည် သူ ၏ ယာကူဇာ အင်အား တစ်သောင်းရှစ်ထောင် ( ၁၈၀၀၀ ) ကို တပြည်လုံး အ နှံ့ ဖြန့်ထားခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးဖြင့် ထို ခရီးစဉ် ပျက်သွားခဲ့ဘူးသည်။
ကိုဒါမာ မှ အစ ပြုခဲ့သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ယနေ့ အထိ နှစ်ပေါင်း ၅၀ ကျော် အာဏာရ လျက် ရှိပြီး ဂျပန် အကျိုး စီးပွား အတွက် လွယ်သည့် လမ်းစဉ် လိုက် ရေး သာဖြစ်သည်။ ဂျပန်နိုင်ငံသည် ဒီမို က ရေစီနိုင်ငံ စစ်စစ် မဟုတ် သကဲ့သို့ ဒီမိုကရေစီ ရရှိရန် ပင်ပင်ပမ်းပမ်း အားထုတ်ခဲ့ရသည့် အစဉ်အလာ လည်း မရှိခဲ့သည် ကို လေ့လာတွေ့ ရှိရပါကြောင်း။
နောက်ဆက်တွဲ------------လက်ဆောင်--
ဂျပန်လူမျိုး ပါမောက္ခ ဖူကူယားမား ( ဂျွန်ဟော့ကင်းစ်တက္ကသိုလ်အဆင့်မြင့်နိုင်ငံတကာ လေ့လာမှု ဌာန ) ၏ စာ အုပ်တအုပ်ထွက်လာသည်။ ဖူကူယားမားအပါအဝင် ပညာရှင်အများစု ၏ သုံးသပ်ချက်များ တွင် ဒီမိုကရေစီ အ လို မရှိသည့် တိုင်းပြည်ကို အပြင်ကနေ အတင်းတွန်းပြောင်းချင်လို့ မရနိုင်ပါဘူးတဲ့။ ဒီမိုကရေစီ တိုးမြှင့်ရေး ဆို တာ သက်ဆိုင်ရာဒေသတွင်း နိုင်ငံရေး -စီးပွားရေး-လူမှု အပြောင်းအလဲ-( social change ) တွေ ရင့်မှည့် လာ စေရန်လိုပါသည်။ ဒေသတွင်းလူလတ်တန်းစားထွန်းကားရေး -တက္ကနိုကရက်တွေ ပေါ်ထွန်းရေး -ဒီမို က ရေ စီ ရေခံ -မြေခံ ရင့်မာလာစေရန် ဝိုင်းဝန်းပံ့ပိုးပေးခြင်းက ပိုပြီး အခရာကျသည်ဟု ပြောကြားပြီး --စိတ်ဝင် စားစရာ က -မာက့်စ် လီနင်ဝါဒီ တွေရော--အမေရိကန် နီယွန်ကွန်ဆာဗေးတစ် တို့ က ပါ ရီဗော်လူးရှင်းပုံစံ မျဉ်းတန်း ( linear ) လုက်ကိုင်နေကြခြင်းပါပဲဟု အီရတ်စစ်ပွဲ သုံးနှစ်မြောက်တွင် အားလုံးသိချင်နေကြသည့် ပြင်ပ မှ ဒီမိုက ရေစီ ကို တင်ပို့ ( export ) လို့ ရမရ ကို ပါမောက္ခ ဖူကူယာမားနှင့် ပညာရှင်များက တညီတ ညွတ် တည်း ဖြေ ကြား သွားခဲ့ကြပါသည်။
Discuss
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
906
Create Apple.com Style Search ...
906
Myanmar Thingyan
906
Preview Photoshop Brushes Easi...
906
Free Icon Set for Web Develope...
905
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
business
celebrities
fastdomain coupon
holidays
mortgage
read more
Comments