GreenGirl နေကောင်းခါစ ထမင်းလည်း ကောင်းကောင်းမစားချင်ဘူး။ စားရင်လည်း နည်းနည်းလေးရယ်။
ဟိုဟင်း စားချင်သလိုရှိလို့ ချက်စားလိုက်၊ ဒီဟင်း စားချင်သလိုရှိရင် ချက်စားလိုက်နဲ့။ ဘလော့ခ်ကို ဒိုမိန်းပြောင်းတာကလည်း အဆင်မပြေတော့ လူကပိုနေမကောင်းချင်သလို ဖြစ်သွားတယ်။ လူလည်း ဘယ်လိုဖြစ်မှန်း မသိပါဘူး။ စားဖို့နဲ့ အိပ်ဖို့ပဲ စဉ်းစားနေမိတယ်။ စာလည်းကောင်းကောင်း မရေးဖြစ်ဖူး။

ဒီနေ့တော့ ရုံးလည်းပိတ်တာနဲ့ ကြာဆံချက်ချက်တယ်။ ကိုယ့်ဟာကိုယ်ချက်ပြီး တစ်ယောက်တည်း စွတ်စားနေတာ :P ခုနလေးက ကိုမိုးမြင့်တိမ် လာတော့ကျွေးလိုက်သေးတယ်။ ငရုတ်ကောင်းတွေ ထည့်ချက်ပါတယ်ဆိုမှ သူကငရုတ်သီးမှုန့်တွေ အများကြီးထည့်တော့ အရမ်းစပ်သွားပြီး ချွေးတွေထောင်ထွက်လို့။ ဟဲဟဲ...။ နောက်ထပ် သူငယ်ချင်းနှစ်ယောက်ကတော့ ညနေ နေအေးမှလာမယ်တဲ့။ သူတို့လာမစားခင် ဘလော့ခ်ဂါသူငယ်ချင်းတွေကို အရင်ကျွေးတာနော်။ အ၀စားသွားကြပါ။ ကြက်သားတွေ အများကြီးပဲ။ ကြက်သွန်ဥနီလေးတွေကတော့ မနူးမှာစိုးလို့ဆိုပြီး ကြက်သားပြုတ်ကတည်းက ထည့်ပြုတ်လိုက်တာ အနူးလွန်ပြီးပျော်သွားတယ်။ :D





Discuss   Add this link to...  Bury

Comments Who Voted Related Links