Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
ဖါသာလ၀ါ
2
Vote
ဖါသာလ၀ါ
Posted by
shwedream
1170 days ago
(
http://ywartharlay-ytu.blogspot.com
)
View profile
Category
:
Personal & Life
ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော်ဖွင့်ကြည့်မိတယ်။ မှန်မမှန်တော့ မသိဘူးဗျ။ ဖါသိဖါသာနေတတ်သူ အေးအေးချမ်းချမ်းနေတတ်သူ နေစိမ့်သူ မသိချင်ယောင်ဆောင်တတ်သူ မသိတတ်သူ အိပ်ချင်ယောင်ဆောင်သူ ထို့ထက်ပို၍ တစ်ကိုယ်ကောင်းဆန်သူ……..
ကျနော့စားပွဲပေါ်မှာ တိတ်အကြည်ကပ်တဲ့ ဟာလေးရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ကပ်စရာရှိတိုင်း ကျနော့စားပွဲနားလာပြီး တစ်ဆိတ်သုံးခွင့်ပြုပါဆိုပြီး သုံးလေ့ရှိပါတယ်။ ရုံးက ပစ္စည်းသုံးတာ ဘာဖြစ်လဲဗျာနော်။ ဘယ်သူသုံးသုံး ဘယ်လောက်သုံးသုံးပေါ့။ ဒါပေမယ့်ဗျာ တိတ်ကပ်တဲ့အရာလေးတွေက အယောက်စီတိုင်းမှာ ရှိပါတယ်။ ဘာဖြစ်လို့ ကျနော့စားပွဲမှာလာသုံး ကြတာလဲဆိုတော့ ကျနော့မှာပဲ တိတ်ခွေလေးထည့်ထားလို့ပါ။ သုံးလို့ကုန်သွားရင် အမြဲမပြတ်ထည့်တတ်လို့ပါ။
စတိုခန်းထဲက ပုံးတွေပိတ်တဲ့ တိတ်အကြီးခွေလည်း ထိုနည်းနှင်နှင်။ သုံးလို့ကုန်သွားရင် စက္ကူဖတ်တန်းလန်းနဲ့ထားတတ်ကြပါတယ်။ ဝေးဝေးလံလံသွားယူရလို့ ဆိုရင်ထားပါတော့။ အခုတိတ်အပိုက စတိုခန်းထဲမှာပဲရှိပါတယ်။ ပြန်မထည့်တတ်လို့လို့ ယူဆပြီး အခါပေါင်းများစွာထည့်ပေးခဲ့ပါတယ်။ နောက်တစ်မျိုးက ပုံးတွေကို ပိတ်ပေးတဲ့ စတာပလာအကြီးစား။ အားရပါးရ ဒူးနှစ်ဖက်နဲ့ညှပ်ပြီး ဖိလိုက်ပြီးမှ ပုံးမှာသာအရာထင်သွားတယ် အထဲက အဆန်ကမပါ။ ကဲထည့်ပေဦးပေါ့။
အမြဲကသိကအောက်ဖြစ်ရတာက ကင်မရာဓါတ်ခဲပါ။ အရေးတကြီးရိုက်တော့မယ်ဆိုရင် ကင်မရာထဲက ဓါတ်ခဲက အားမရှိတော့။ လဲမယ်ဆိုပြီး သွားကြည့်လိုက် လဲစရာဓါတ်ခဲအသစ်လည်းမရှိတော့။ နောက်ဆုံးကုန်ခါနီးပြီဆိုရင် ၀ယ်မယ့်လူကို အကြောင်းကြားသင့်တယ်လေ။ ဒါကလည်း တစ်ခေါက်လည်းမက တစ်ခါလည်းမဟုတ်ဆိုတော့ ကိုယ့်ဘာသာ ဓါတ်ခဲအပိုဝယ်ပြီး အံဆွဲထဲမှာ ထည့်ထားသင့်တယ်လို့ စဉ်းစားမိလာတယ်။
အရင်အလုပ်တုန်းကလည်း အယ်လကိုဟော ပြဿနာ။ အယ်လကိုဟောကို ပိုးသတ်ဖို့ အသုံးပြုရတယ်။ စပရေးဘူးတွေနဲ့ ဖြန်းဖြန်းပေးရတယ်။ တကယ်ဆို အယ်လကိုဟော ပုံးတွေကို ကျနော်အဖြူရောင်အကြည်မှာပေးထားတာ ရည်ရွယ်ချက်ရှိပါတယ်။ ကုန်ခါနီးပြီ ဘယ်လောက်ကျန်သေးတယ်ဆိုတာ လွယ်လွယ်သိအောင်လို့ပါ။ တစ်ခါဝယ်ဆယ်ဂါလံပုန်းနဲ့ ၀ယ်ပေမယ့် ကုန်သွားပြီဆိုမှ သိလိုက်ရတာကြီးပဲ။ ဘာဖြစ်လို့ပါလိမ့်။ တစ်ကယ်တမ်း တစ်ပုံးဝယ်ရဖို့က လက်မှတ်အယောက်တစ်သောင်းလောက် ၀ိုင်းထိုးပြီးမှ ၀ယ်ခွင့်ရတာကို သူတို့မသိတာလည်းမဟုတ်။
လူအမျိုးမျိုးက အကူအညီတွေတောင်းတတ်ကြပါတယ်။ လူဆိုတာ အကူအညီလိုအပ်နေကြလေ။ တစ်ခါတစ်လေလည်း ကူညီမှုပြီးမြောက်သွားတတ်ပြီး တစ်ခါတစ်လေတော့ မပြီးသွားတတ်ပါဘူး။ သို့ပေမယ့် တစ်ခေါက်တစ်လေ ကိုယ့်ဘက်က လိုအပ်လို့ အကူအညီတောင်းမယ်ကြံရင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါရောလား။ ဟုတ်ပါတယ်လေ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတာကိုး။ ကိုယ့်အပူကိုပဲ သတ်နိုင်ကြစေသတည်းပေါ့။
မသိတတ်တဲ့သူတွေ များလွန်းနေတာလား။ ကမ္ဘာမြေကြီးရဲ့ ဆုတ်ကပ်ကို ရောက်ချိန်တန်ပြီလား။ သူမွေးထုတ်ထားတဲ့ လူသားတွေရဲ့ မသိတတ်မှုတွေအတွက် ကမ္ဘာမြေလည်း ပျက်စီးလုနေပြီ။ ဒီလောက်နဲ့ မထိခိုက်လောက်ပါဘူးဆိုပြီး စွန့်ပစ်မှုတွေ သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်မှုတွေကို သူကိုယ်တိုင် မကာကွယ်နိုင်ရှာဘူးလေ။
လူတစ်ယောက်ရဲ့အခက်အခဲ ခံစားချက်တွေကို သိနားလည်လွယ်ပါလျက် မသိချင်ယောင်ဆောင်နိုင်တဲ့ လူတွေရဲ့ မာကျောခက်ထန်မှုကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထည့်ရမှာပဲလား။ လူသားချင်းစာနာထောက်ထားဖို့နေနေသာသာ မျက်စိအောက်မှာ ဒုက္ခရောက်နေတာတောင် ငုတ်တုတ်ထိုင်ကြည့်နေတတ်ကြပြီ။ ကိုယ့်အပူမှ ပူတော့မှာကိုး အပူဟပ်တာလောက်တော့ ဟိုဘက်နည်းနည်းတိုးလိုက်ရုံပဲပေါ့။
ဖါသလ၀ါနေတတ်မှုတွေများပြားလာတဲ့နောက်မှာ ကျနော်လည်း ဖါသလ၀ါနေတတ်ချင်မိတယ်။ သက်တောင့်သက်သာဖြစ်မယ်ထင်တယ်။ ဟိုနေရာစပ်စပ် ဒီနေရာ စပ်စပ် မပြောတတ်မဆိုတတ် မနေတတ်မထိုင်တတ် နည်းနည်းလောက်သိရင် ကို ပြောပြချင်စိတ်နဲ့ လူတစ်ကာအပြောအဆိုကိုလည်း ခံရပေါင်းလည်း များလှပါပြီ။ အမှတ်မရှိတယ်ပဲပြောပြော ဒီအကျင့်က အရိုးစွဲနေတော့လည်းခက်ပါတယ်။ အခုနေများ ဆုတစ်ခုတောင်းခိုင်းရင် ဖါသလ၀ါနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ချင်ပါတယ်။ ဆုတောင်းမှားသူတစ်ယောက်ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့…..
Discuss
Add this link to...
Bury
Add to:
ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော်ဖွင့်ကြည့်မိတယ်။ မှန်မမှန်တော့ မသိဘူးဗျ။ ဖါသိဖါသာနေတတ်သူ အေးအေးချမ်းချမ်းနေတတ်သူ နေစိမ့်သူ မသိချင်ယောင်ဆောင်တတ်သူ မသိတတ်သူ အိပ်ချင်ယောင်ဆောင်သူ ထို့ထက်ပို၍ တစ်ကိုယ်ကောင်းဆန်သူ……..
ကျနော့စားပွဲပေါ်မှာ တိတ်အကြည်ကပ်တဲ့ ဟာလေးရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ကပ်စရာရှိတိုင်း ကျနော့စားပွဲနားလာပြီး တစ်ဆိတ်သုံးခွင့်ပြုပါဆိုပြီး သုံးလေ့ရှိပါတယ်။ ရုံးက ပစ္စည်းသုံးတာ ဘာဖြစ်လဲဗျာနော်။ ဘယ်သူသုံးသုံး ဘယ်လောက်သုံးသုံးပေါ့။ ဒါပေမယ့်ဗျာ တိတ်ကပ်တဲ့အရာလေးတွေက အယောက်စီတိုင်းမှာ ရှိပါတယ်။ ဘာဖြစ်လို့ ကျနော့စားပွဲမှာလာသုံး ကြတာလဲဆိုတော့ ကျနော့မှာပဲ တိတ်ခွေလေးထည့်ထားလို့ပါ။ သုံးလို့ကုန်သွားရင် အမြဲမပြတ်ထည့်တတ်လို့ပါ။
စတိုခန်းထဲက ပုံးတွေပိတ်တဲ့ တိတ်အကြီးခွေလည်း ထိုနည်းနှင်နှင်။ သုံးလို့ကုန်သွားရင် စက္ကူဖတ်တန်းလန်းနဲ့ထားတတ်ကြပါတယ်။ ဝေးဝေးလံလံသွားယူရလို့ ဆိုရင်ထားပါတော့။ အခုတိတ်အပိုက စတိုခန်းထဲမှာပဲရှိပါတယ်။ ပြန်မထည့်တတ်လို့လို့ ယူဆပြီး အခါပေါင်းများစွာထည့်ပေးခဲ့ပါတယ်။ နောက်တစ်မျိုးက ပုံးတွေကို ပိတ်ပေးတဲ့ စတာပလာအကြီးစား။ အားရပါးရ ဒူးနှစ်ဖက်နဲ့ညှပ်ပြီး ဖိလိုက်ပြီးမှ ပုံးမှာသာအရာထင်သွားတယ် အထဲက အဆန်ကမပါ။ ကဲထည့်ပေဦးပေါ့။
အမြဲကသိကအောက်ဖြစ်ရတာက ကင်မရာဓါတ်ခဲပါ။ အရေးတကြီးရိုက်တော့မယ်ဆိုရင် ကင်မရာထဲက ဓါတ်ခဲက အားမရှိတော့။ လဲမယ်ဆိုပြီး သွားကြည့်လိုက် လဲစရာဓါတ်ခဲအသစ်လည်းမရှိတော့။ နောက်ဆုံးကုန်ခါနီးပြီဆိုရင် ၀ယ်မယ့်လူကို အကြောင်းကြားသင့်တယ်လေ။ ဒါကလည်း တစ်ခေါက်လည်းမက တစ်ခါလည်းမဟုတ်ဆိုတော့ ကိုယ့်ဘာသာ ဓါတ်ခဲအပိုဝယ်ပြီး အံဆွဲထဲမှာ ထည့်ထားသင့်တယ်လို့ စဉ်းစားမိလာတယ်။
အရင်အလုပ်တုန်းကလည်း အယ်လကိုဟော ပြဿနာ။ အယ်လကိုဟောကို ပိုးသတ်ဖို့ အသုံးပြုရတယ်။ စပရေးဘူးတွေနဲ့ ဖြန်းဖြန်းပေးရတယ်။ တကယ်ဆို အယ်လကိုဟော ပုံးတွေကို ကျနော်အဖြူရောင်အကြည်မှာပေးထားတာ ရည်ရွယ်ချက်ရှိပါတယ်။ ကုန်ခါနီးပြီ ဘယ်လောက်ကျန်သေးတယ်ဆိုတာ လွယ်လွယ်သိအောင်လို့ပါ။ တစ်ခါဝယ်ဆယ်ဂါလံပုန်းနဲ့ ၀ယ်ပေမယ့် ကုန်သွားပြီဆိုမှ သိလိုက်ရတာကြီးပဲ။ ဘာဖြစ်လို့ပါလိမ့်။ တစ်ကယ်တမ်း တစ်ပုံးဝယ်ရဖို့က လက်မှတ်အယောက်တစ်သောင်းလောက် ၀ိုင်းထိုးပြီးမှ ၀ယ်ခွင့်ရတာကို သူတို့မသိတာလည်းမဟုတ်။
လူအမျိုးမျိုးက အကူအညီတွေတောင်းတတ်ကြပါတယ်။ လူဆိုတာ အကူအညီလိုအပ်နေကြလေ။ တစ်ခါတစ်လေလည်း ကူညီမှုပြီးမြောက်သွားတတ်ပြီး တစ်ခါတစ်လေတော့ မပြီးသွားတတ်ပါဘူး။ သို့ပေမယ့် တစ်ခေါက်တစ်လေ ကိုယ့်ဘက်က လိုအပ်လို့ အကူအညီတောင်းမယ်ကြံရင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါရောလား။ ဟုတ်ပါတယ်လေ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတာကိုး။ ကိုယ့်အပူကိုပဲ သတ်နိုင်ကြစေသတည်းပေါ့။
မသိတတ်တဲ့သူတွေ များလွန်းနေတာလား။ ကမ္ဘာမြေကြီးရဲ့ ဆုတ်ကပ်ကို ရောက်ချိန်တန်ပြီလား။ သူမွေးထုတ်ထားတဲ့ လူသားတွေရဲ့ မသိတတ်မှုတွေအတွက် ကမ္ဘာမြေလည်း ပျက်စီးလုနေပြီ။ ဒီလောက်နဲ့ မထိခိုက်လောက်ပါဘူးဆိုပြီး စွန့်ပစ်မှုတွေ သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်မှုတွေကို သူကိုယ်တိုင် မကာကွယ်နိုင်ရှာဘူးလေ။
လူတစ်ယောက်ရဲ့အခက်အခဲ ခံစားချက်တွေကို သိနားလည်လွယ်ပါလျက် မသိချင်ယောင်ဆောင်နိုင်တဲ့ လူတွေရဲ့ မာကျောခက်ထန်မှုကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထည့်ရမှာပဲလား။ လူသားချင်းစာနာထောက်ထားဖို့နေနေသာသာ မျက်စိအောက်မှာ ဒုက္ခရောက်နေတာတောင် ငုတ်တုတ်ထိုင်ကြည့်နေတတ်ကြပြီ။ ကိုယ့်အပူမှ ပူတော့မှာကိုး အပူဟပ်တာလောက်တော့ ဟိုဘက်နည်းနည်းတိုးလိုက်ရုံပဲပေါ့။
ဖါသလ၀ါနေတတ်မှုတွေများပြားလာတဲ့နောက်မှာ ကျနော်လည်း ဖါသလ၀ါနေတတ်ချင်မိတယ်။ သက်တောင့်သက်သာဖြစ်မယ်ထင်တယ်။ ဟိုနေရာစပ်စပ် ဒီနေရာ စပ်စပ် မပြောတတ်မဆိုတတ် မနေတတ်မထိုင်တတ် နည်းနည်းလောက်သိရင် ကို ပြောပြချင်စိတ်နဲ့ လူတစ်ကာအပြောအဆိုကိုလည်း ခံရပေါင်းလည်း များလှပါပြီ။ အမှတ်မရှိတယ်ပဲပြောပြော ဒီအကျင့်က အရိုးစွဲနေတော့လည်းခက်ပါတယ်။ အခုနေများ ဆုတစ်ခုတောင်းခိုင်းရင် ဖါသလ၀ါနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ချင်ပါတယ်။ ဆုတောင်းမှားသူတစ်ယောက်ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့…..">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
906
Create Apple.com Style Search ...
906
Myanmar Thingyan
906
Preview Photoshop Brushes Easi...
906
Free Icon Set for Web Develope...
905
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
cheap hosting
dlf ipl
ipl
mortgage
top hosting
read more
Comments