Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
ဒိုင်ယာရီဟောင်းရဲ့စာမျက်နှာ
1
Vote
ဒိုင်ယာရီဟောင်းရဲ့စာမျက်နှာ
Posted by
shwedream
1044 days ago
(
http://warwarkhaingmin.blogspot.com
)
View profile
Category
:
Personal & Life
div align="justify"a href="http://2.bp.blogspot.com/_ifA7ZvDUUeg/SdB0tUT25YI/AAAAAAAAGSM/weBCRUAdckM/s1600-h/Padauk04á….jpg"img id="BLOGGER_PHOTO_ID_5318879481819489666" style="DISPLAY: block; MARGIN: 0px auto 10px; WIDTH: 400px; CURSOR: hand; HEIGHT: 289px; TEXT-ALIGN: center" alt="" src="http://2.bp.blogspot.com/_ifA7ZvDUUeg/SdB0tUT25YI/AAAAAAAAGSM/weBCRUAdckM/s400/Padauk04%E1%81%85.jpg" border="0" //abr /br /span style="color:#009900;"“ နွေကြိုရွှေဥသြ xxxxxxxx ပန်းပိတောက်ကိုမြင်မှ xxxxxxxxx နွေရောက်တာကိုယ်သိတယ်..သြော်.... xxxxxx နွေတဲ့လား..xxxxxx ရာသီတွေသည်ပြောင်းသွားခဲ့ပေါ့ xxxxxxxx အချိန်ခါတွေသည်နှောင်းသွားခဲ့လည်းxxxxxxxx ကြင်နာသူမို့အမှတ်တရရှိနေဆဲ. xxxxxx xxxxxx ယုံပါရင်သို့တိုးဝှေ့ဆဲပါ..ခိုင် ”br //spanbr /ခိုင် ရေ... သင်္ကြန်နီးပြီမို့ သင်္ကြန်သီချင်းလေးတွေနေရာတကာမှာ လွှင့်ပျံ့နေတဲ့ကြားကနေ လေမှာဝေ့၀ဲလာတဲ့ အက်စ်ကဲနက်ရဲ့“ ရင်သို့တိုးဝှေ့ဆဲပါ..ခိုင်” သီချင်းလေးကို မထင်မှတ်ပဲ ကြားလိုက်ရတော့ စောစောက သင်္ကြန်သီချင်းလေးတွေကြားလို့ မင်းကိုသတိရမိနေရာကနေ ကိုယ်မင့်ကို အရမ်းလွမ်းမိသွားပြန်ပါတယ် ခိုင်ရေ....br /br /ခိုင်..ရေ.. မင်းဘယ်ကိုရောက်နေသလဲ... မင်းနဲ့ကိုယ် ဝေးခဲ့ကြတာ နှစ်တွေဘယ်လောက်ကြာကြာ ကိုယ့်ရင်ထဲမှာ မင်းစိုးမိုးနေဆဲပါ ခိုင်ရေ...ဘယ်လိုမှ မဖြစ်နိုင်ကြလို့ ကိုယ် မင်းကိုမေ့ထားချင်ပေမယ့် ဘယ်တော့မှ မမေ့နိုင်တဲ့သူရယ်က ကိုယ်ပါပဲ ခိုင်ရယ်... မင်းဟာ ကိုယ့် ရင်ထဲမှာ အမြဲစိုးမိုးနေရာယူနေဆဲပါပဲ ခိုင်ရယ်...br /br /အခုလို သင်္ကြန်နီးလို့ သင်္ကြန်သီချင်းလေးတွေ ကြားနေရတဲ့ အချိန်လေးတွေဆိုရင် ကိုယ် မင့်ကို ပိုသတိရမိ ၊ပိုလွမ်းမိနေပါတယ်..ခိုင်...ငယ်ငယ်က သင်္ကြန်ပွဲတွေမှာ နှစ်စဉ်အမြဲကတတ်တဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းခိုင်ရေ... အဆို ၊အက အနုပညာဝါသနာပါတဲ့ မင်းက ကိုယ်တို့မြို့လေးမှာဆိုရင် နေရာတကာမှာ မင်းသမီးလေးဖြစ်နေတတ်ပါတယ်.. ကျောင်းကပွဲတွေမှာလည်း မင်းကအမြဲ ရှေ့ဆုံးက ပါတတ်မြဲပါပဲလေ.... တကယ်တော့ ငယ်ငယ်ကတည်းက ကိုယ်တို့ကျောင်းမှာ စာတော်ပြီး အနေအေးလို့ ပေါ်ပြူလာဖြစ်ခဲ့တဲ့မင်းကို သ၀န်တိုမှုတွေနဲ့ တိတ်တခိုးချစ်နေမိတဲ့သူက ကိုယ်ပါပဲလေ.... ကိုယ်ချစ်နေတာကို မင်းကတော့ ရိပ်မိချင်မှ ရိပ်မိမှာပါ... ကိုယ့်အပေါ်ဆိုရင် မင်းက သူငယ်ချင်းအရင်းအခြာတစ်ယောက်လိုပဲ အမြဲသဘောထားပြီး.. ကိုယ်ကspan style="color:#3333ff;"“ ခိုင် ရေ ”/spanလို့ ချစ်စနိုးနဲ့ ခေါ်ရင်တောင်မှ မင်း ကbr /span style="color:#3333ff;"“ ဘာတုန်း”/spanလို့ ပြစ်ပြစ်နှစ်နှစ်ကြီးထူးတတ်တာလေ.... ကိုယ်တို့တတွေဟာ ငယ်ငယ်ကတည်းက ကျောင်းအတူတူသူငယ်ချင်းတွေမို့ တော်တော်လေး ရင်းနှီးခင်မင်နေခဲ့ကြတာပါ....br /br /မင်းအတွက်တော့ အမှတ်တမဲ့ဖြစ်ပေမယ့် ကိုယ့်အတွက် အမှတ်တရဖြစ်စေခဲ့တဲ့ ကိုယ်တို့ ငယ်ငယ်၅ တန်းကျောင်းသားဘ၀အကြောင်းလေးကို ကိုယ်အမှတ်ရနေဆဲပါကွာ....အဲဒီတုန်းက မူလတန်းကျောင်းတွေကနေ လေးတန်းအောင်ကြပြီး ကိုယ်တို့အထက်တန်းကျောင်းကြီးကို ပြောင်းရွှေ့ပြီး မင်းက ၅တန်းကို လာတက်ခဲ့ရတဲ့ အချိန်တုန်းကပေါ့.... ကျောင်းစိမ်း နဲ့ အဖြူ ဂါဝန်လှလှလေးကို ၀တ်ထားတဲ့ အသားဝါ၀ါဝင်းဝင်းလေးနဲ့ ၊အားငယ်နေတဲ့ မင့်ရဲ့မျက်နှာလေးကို ကိုယ်စတင်တွေ့ပြီး သနားသွားမိသလို ချစ်ခင်သွားခဲ့မိတယ်ဆိုရင် မင်းယုံနိုင်မှာ မဟုတ်ဖူးနော်... တကယ်ပါ.. ကိုယ့်ရင်ထဲမှာ အဲဒီအချိန်ကတည်းက မင်းရဲ့ ရုပ်ပုံလွှာလေးက ၀င်ရောက်နေရာယူသွားခဲ့တာပါ..ကောင်မလေးရေ.....br /br /အဲဒီတုန်းက ကိုယ်က မင့်ရဲ့အနားသွားပြီး span style="color:#3333ff;"“ ဟိတ်... နာမည်ဘယ်လိုခေါ်လဲ... တို့နာမည် span style="color:#ff0000;"သီဟစစ်../span လိုအပ်တဲ့ အကူအညီရှိရင်ပြောနော်..ကူညီမယ်”/spanဆိုတော့ မင်းက ကိုယ့်ကိုကြည့်လာပြီး.. span style="color:#3333ff;"“အင်း”/span တဲ့လေ... ပြီးတော့ ဘာမှ မပြောပဲ ကိုယ့်ကို တစ်ချက်ကြည့်လာတယ်.... ပြီးတော့ ပြောတယ်span style="color:#3333ff;"..“ မြင်ဘူးတယ်”/spanတဲ့ ... အဲဒီတော့မှ ကိုယ်လည်း သူ့ကိုမြင်ဘူးပါတယ်လို့ စိတ်ထဲကနေရင်းနှီးနေတာလေ...အဲဒါနဲ့ စဉ်းစားမိတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကိုယ်တို့ ၃ တန်းအချိန်က span style="color:#3333ff;"“မြို့နယ်အဆင့်ကမ္ဘာ့ကလေးများနေ့ပြိုင်ပွဲ ”/spanမှာ သူနဲ့ ကိုယ်ပြိုင်ပွဲဝင်ကြရင်းနဲ့ ဆုံဘူးကြတယ်ဆိုတာကို မှတ်မိသွားခဲ့ပါတယ်....အဲဒီတုန်းက ခိုင်က ကျောင်းစိမ်းနဲ့အဖြူ ဂါဝန် လှလှဆန်းဆန်းလေးဝတ်ပြီး သူတို့ကျောင်းကနေ ပုံပြောဝင်ပြိုင်ခဲ့သလို ၊ကိုယ်ကလဲ ကိုယ်တို့ကျောင်းကြီးရဲ့ကိုယ်စား ပုံပြောဝင်ပြိုင်ခဲ့တာပါပဲ... အဲဒီတော့မှ ကိုယ်က span style="color:#3333ff;"“အဲ..သိပြီ.. ဒါကြောင့် စိတ်ထဲမျာရင်းနှီးသလိုဖြစ်နေတာ နင်ကအဲဒီအချိန်က မိတ်ကပ်တွေနဲ့ရှိုးထုတ်ထားတော့ အခု မျက်နှာပြောင်လေးနဲ့တွေ့လိုက်ရတော့ ငါချက်ချင်းမမှတ်မိဖြစ်သွားတာပါ... နင် span style="color:#ff0000;"ခိုင်ဝါ၀ါကို/span နော်.”/span လို့ ကိုယ်ကဆိုတော့ .. span style="color:#3333ff;"“အင်း..ဟုတ်တယ်...”/span တဲ့...br /br /ကိုယ်ပျော်သွားတယ်လေ...ကိုယ်နဲ့မင်းက အရင်ကတည်းကဆုံဘူးပြီးသားသူတွေဖြစ်သလို အဲဒီပုံပြောပြိုင်ပွဲတုန်းက ကိုယ်က ပထမရပြီး မင်းက ဒုတိယဆုကိုရခဲ့တာဆိုတော့ ဆုအတူတူယူခဲ့ကြရတာပါ ။ ဓါတ်ပုံလေးတောင်အတူတူတွဲရိုက်ဖြစ်ခဲ့ကြသေးတာပဲ.. ကိုယ်အမှတ်တမဲ့ ဖြစ်သွားခဲ့ပြီး ကျောင်းအသစ်ပြောင်းရလို့ မင်းရဲ့အားငယ်တဲ့မျက်နှာလေးကိုပဲ ကိုယ်သနားပြီး စွဲလန်းသွားခဲ့တာပါ။နောက်တော့ ကိုယ်နဲ့ မင်းက အတန်းထဲမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်လေ.... အတန်းတိုင်းမှာ အဆင့်တစ်အမြဲရခဲ့တတ်တဲ့ ကိုယ့်ကို မင်းမနာလိုဖြစ်ခဲ့ဘူးတယ်နော်...မင့်ရဲ့မေမေကလည်းဆရာမဖြစ်သလို ကိုယ့်ရဲ့ဖေဖေကလည်း ကျောင်းဆရာဖြစ်ခဲ့တာမို့ မိဘချင်းတွေကလည်းခင်မင်ရင်းနှီးကြပါတယ်... ကိုယ်ကဘ၀နာသူမို့ ငယ်ငယ်ကတည်းကစာကို ကြိုးစားခဲ့တယ်လေ... စာကိုကြိုးစားတယ် ဆိုပေမယ့် ကိုယ့်ထက်စာကြိုးစားသူက ခိုင်ရယ်ပါ... ခိုင်က ကျန်းမာရေးမကောင်းတတ်ဘူး။ဒါပေမယ့် စာကိုအရမ်းကြိုးစားတတ်ပါတယ်.. ကိုယ်ကတော့ ဒီလောက်ကြိုးစားအားထုတ်စရာမလိုပါပဲ ဆရာ၊ဆရာမသင်ပေးပြီးရင်ပဲ စာကို မှတ်မိသွားတာ... ဥာဏ်ကောင်းတယ်လို့ ဆရာ၊ဆရာမတွေကပြောကြတယ်လေ... အဲဒါကြောင့် အတန်းထဲမှာ ကိုယ်က ပထမဆုအမြဲရခဲ့ပါတယ်... ခိုင်က ကိုယ့်ကို ဘယ်တော့မှမနိုင်ပဲ ဒုတိယဆု ၊တတိယဆုသာ ရတတ်တာမို့ “နင့်ကိုငါမနာလိုဘူး”လို့ ပေါ်တင်ပြောခဲ့ဘူးတယ်လေ....br /br /ဒီလိုနဲ့ တို့တတွေတဖြေးဖြေးအသက်တွေကြီးလာကြပြီး ကျောင်းပိတ်ရက်သင်္ကြန်ချိန်လေးတွေရောက်လေတိုင်း ခိုင်က သူတို့ရပ်ကွက်မဏ္ဍပ်ကလေးမှာ အမြဲကတတ်တယ်လေ... ကိုယ်ကတော့ ခိုင့်ရဲ့အမြဲတမ်းပရိဿတ်ဖြစ်ခဲ့တာပေါ့.... သင်္ကြန်ယိမ်းဝတ်စုံလေးနဲ့ အမြဲလှနေတတ်တဲ့ ခိုင့်ကို ကိုယ်ကရေလောင်းချင်ပေမယ့် ခိုင်ကဘယ်တော့မှခွင့်မပြုခဲ့ပါဘူး... ကိုယ်က ခိုင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပေမယ့် ဝေေ၀းကနေပဲ ခိုင့်ကိုချစ်နေရသူပါ.... ကိုယ်တို့ အထက်တန်းကျောင်းသားဘ၀မှာ သူများတွေရည်းစားထားကြတော့ ခိုင်ကပြောဘူးတယ်လေ... “ငါကတက္ကသိုလ်ရောက်မှ ရည်းစားထားမှာ အခုအထက်တန်းကျောင်းသူဘ၀မှာတော့ ရည်းစားဆိုတာလုံးဝမရှိစေရဘူး” တဲ့..... အဲဒီိတော့ ကိုယ့်ရဲ့နင့်နင့်နဲနဲရင်ထဲကခံစားချက်တွေကို ကိုယ်ပြောမထွက်ခဲ့ဘူး ခိုင်ရယ်... ခိုင်မုန်းသွားမှာကို အရမ်းကြောက်တယ်လေ..... ဒါပေမယ့် ညဘက်ဆိုရင်တော့ သူငယ်ချင်းတွေစုပြီး ခိုင်တို့အိမ်ရှေ့က အုတ်ခုံလေးမှာထိုင်ပြီး သူငယ်ချင်းတွေနဲ့ အတူ “span style="color:#3333ff;"အက်စ်ကဲနက် ရဲ့ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်/span ” သီချင်းလေးကို မကြာခဏ သွားပြီးတော့ အော်ဆိုဖြစ်ကြရင်ဖြင့် ရင်ထဲကခံစားနေရတာလေးတွေ နည်းနည်းပေါ့သွားသလိုခံစားခဲ့ရပါတယ်....br /br /ကြာခဲ့ပါပြီ ခိုင်ရေ....br /ကိုယ်တို့ ဆယ်တန်းအောင်ပြီးသွားကြတော့ ခိုင်က တက္ကသိုလ်ဆက်တက်ခဲ့တယ်... ကိုယ်က အခြေအနေအရပ်ရပ်ကြောင့် စက်မှုတက္ကသိုလ်ဝင်ပေမယ့် မတက်ဖြစ်ပဲ စစ်တက္ကသိုလ်တက်ဖြစ်သွားခဲ့ပါတယ် ခိုင်...ကိုယ် သင်တန်းတက်နေတုန်း မထင်မှတ်ပဲ ခိုင်က ခိုင့်မေမေရဲ့ မွေးရပ်ဇာတိမြေကို ပြောင်းရွှေ့သွားခဲ့ပါတော့တယ်.... ကိုယ်တို့ တကယ်ဝေးကြရတော့မှာလား ခိုင်ရေ..... ကိုယ်တကယ်ပဲ ခံစားခဲ့ရပါတယ် ခိုင်...တစ်နေ့နေ့မှာ ခိုင်ရှိတဲ့နေရာကို ကိုယ်အရောက်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်... ခိုင့်ဆီကို စာမပြတ်အောင်ရေးပို့နေခဲ့ပါတယ်... ခိုင် ကိုယ့်ကို မေ့သွားမှာ ကိုယ်အကြောက်ဆုံးပါပဲ ခိုင်ရေ.... ကိုယ့်ရဲ့ဓါတ်ပုံတွေ ၊ စာတွေ ၊ ပို့စ်ကဒ်လေးတွေ ခိုင်ဆီကို အမြဲကိုယ်ပို့ခဲ့ပါတယ်.... စာတွေထဲမှာ ကိုယ်ချစ်နေတဲ့ အကြောင်းလေးတွေကို အရပ်အမြွတ်ထည့်ရေးတတ်ခဲ့ပေမယ့် ခိုင်ကတော့ ကိုယ့်ကို မသိချင်ယောင်ဆောင်ပြီး သူငယ်ချင်းတစ်ယောက်လိုပဲ စာတွေပြန်ရေးလာခဲ့တယ်နော်... ကိုယ်တို့တွေ ဘ၀တက္ကသိုလ်တွေကို ဖြေနေကြပြီ ခိုင်ရေ... ကိုယ်မင်းကို လူချင်းတွေ့ပြီး ကိုယ်မင်းကိုဘယ်လောက်ချစ်ကြောင်းဖွင့်ပြောဘို့ သတ္တိတွေ မွေးထားပြီ ခိုင်ရေ.... ကိုယ်နဲ့ မင်းနဲ့ တွေ့ဆုံဘို့ အချိန်လေးကိုပဲ ကိုယ်မျှော်လင့်ရတော့ မှာပဲလေ....မင်းနဲ့ မတွေ့ရသေးခင် အချိန်လေးတွေမှာ “ကိုယ် မင့်ကိုအရမ်းချစ်တယ်ခိုင် ” ဆိုပြီးတော့ ခဏခဏ ကိုယ်တစ်ယောက်တည်းရေရွတ်နေတတ်ခဲ့တယ် ခိုင် ရေ....br /br /ဒီလိုနဲ့ ကိုယ်သင်တန်းပြီးသွားတော့ သင်တန်းဆင်းပြီးတာနဲ့တာဝန်ကျတဲ့နေရာကိုသွားရတော့မယ်လေ... ဘာပဲဖြစ်ဖြစ်ကိုယ်မင်းကို ရအောင်လာတွေ့ပါမယ် ခိုင်ရေ.... ကိုယ်မင်းရှိရာမြို့ကိုအရောက်သွားခဲ့ပါတယ် ခိုင်... ကိုယ်ရောက်တော့ သင်္ကြန်ချိန်မို့ မင်းအိမ်မှာရှိမနေဘူးလေ.. ကျောင်းကဆရာမလာလည်လို့ သူငယ်ချင်းတွေနဲ့အတူ တခြားမြို့ကသူငယ်ချင်းတွေအိမ်ကို လိုက်လည်နေကြတယ်လို့ ခိုင့်မေမေ ဆရာမနဲ့ ခိုင့်ဖေဖေတို့က ပြောပြလာကြတော့ မင်းအိမ်ကို ကိုယ်အရောက်လာခဲ့ပေမယ့် ကိုယ် မင့်ကိုချက်ချင်းမတွေ့ရတော့ ရင်ထဲမှာ ၀မ်းသာ ၊၀မ်းနည်းကြီးဖြစ်နေခဲ့ပါတယ် ခိုင်ရယ်... မင်းက တစ်နေလုံး တော်တော်နဲ့ ပြန်မလာလို့ ဦးလေးတို့ ဆရာမတို့နဲ့ပဲ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်.... ဆရာမကလည်း မစားရတာကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်အလွမ်းပြေ ကချင်ဟင်းတွေချက်ကျွေးလို့ ထမင်းအရမ်းစားကောင်းခဲ့တယ်လေ.... အဲလိုနဲ့ ညနေစောင်းမှာ ကိုယ်အရမ်းတွေ့ချင်နေတဲ့ ခိုင် ပြန်ရောက်လာပါတယ်...ခိုင့်ကို ကိုယ်က အိမ်ထဲကနေမြင်နေရတယ်လေ..ရေစိုနေတဲ့ ကျောက်စိမ်းရောင် ၀မ်းဆက်ကလေးကို ၀တ်ထားတဲ့ ခိုင်ဟာ သူမရဲ့အသားဝင်းဝင်းလေးနဲ့ အလွန်မှပင်လိုက်ဖက်ပြီး ကိုယ် က ခိုင့်ကိုအိမ်ထဲကနေ ပုန်းကွယ်ရင်း ငေးကြည့်နေခဲ့မိပါတယ်... ခိုင့်ဖေဖေ နဲ့ မေမေက span style="color:#3333ff;"“သမီးသူငယ်ချင်း ရောက်နေတယ်”/spanဆိုတော့ ခိုင်က span style="color:#3333ff;"“ဘယ်သူလဲ ”/spanတဲ့လေ.. သိတ်ထူးထူးခြားခြားဘာမှ မပြောပဲအိမ်ထဲဝင်လာတော့ span style="color:#3333ff;"“သမီးရဲ့အခင်ဆုံးငယ်သူငယ်ချင်းလေ”/span လို့ ဆရာမကပြောပေမယ့် ခိုင်ကဘယ်သူမှန်းမသိသေးပဲ အိမ်ထဲလှမ်းအ၀င်မှာ တံခါးနာမှာကွယ်ရပ်နေတဲ့ ကိုယ်က ခိုင့်မျက်လုံးလေးတွေကို လက်ဝါးနဲ့အုပ်လိုက်တယ်... span style="color:#3333ff;"“ဘယ်သူလဲ မှန်မှန်ပြော”/span ဆိုတဲ့အထိ ခိုင်က မသိသေးပါဘူး... ခိုင့်ဖေဖေ ၊ ဆရာမနဲ့ အလည်ရောက်နေတဲ့ ခိုင့် အစ်မ၀မ်းကွဲတို့က ၀ိုင်းရယ်နေကြတယ်လေ... အဲဒီတော့ ခိုင်ကspan style="color:#3333ff;" “မသိဘူးကွာ.. ဘယ်သူလဲ မျက်လုံးဖွင့်ပေး”/span ဆိုတော့ ခိုင့်အမိန့်ဆိုရင် နာခံနေကျ ကိုယ်က ခိုင့်မျက်လုံးလေးတွေကို ကွယ်ထားတဲ့လက်ကလေးတွေကို ဖယ်ပေးလိုက်တော့ span style="color:#3333ff;"“ ဟယ်... သီဟ..”/spanဆိုပြီး နင်အရမ်းပျော်ရွှင် ၀မ်းသာသွားတဲ့ မျက်နှာလေးကို ကိုယ်တွေ့လိုက်ရတော့ ကိုယ်ပါအရမ်းပျော်မိသွားပါတယ် ခိုင်ရယ်....br /br /အဲဒီမှာပဲ ကိုယ်ကဘီရိုပေါ်မှာတင်ထားတဲ့ ကိုယ့်ရဲ့အရာရှိဦးထုပ်ကလေးကိုယူပြီး ခိုင့်ခေါင်းမှာဆောင်းပေးလိုက်တော့ ခိုင်က ကိုယ့်ကို span style="color:#3333ff;"“ကွန်ဂရက်ကျူလေးရှင်းပါ သူငယ်ချင်း”/span တဲ့လေ... ပြီးတော့ span style="color:#3333ff;"“ခဏစောင့်နော်.. ငါရေစိုအ၀တ်တွေသွားလဲလိုက်ဦးမယ်”/span ဆိုပြီး ထွက်သွားတယ်လေ.... အဲဒီအချိန်မှာ ကိုယ့်ရင်တွေ တဒိုင်းဒိုင်းခုန်နေခဲ့တာပေါ့....ခိုင်ရေ...br /br /div align="center"strongspan style="font-size:130%;color:#ff0000;"( ၂ )/span/strong/divdiv align="center"/divdiv align="justify"ရေစိုအ၀တ်တွေကိုလဲပြီး ခိုင်ပြန်ထွက်လာတော့ ရေစိုနေတဲ့သူ့ခေါင်းတွေကို တဘက်နဲ့သုတ်ရင်း span style="color:#3333ff;"“ဒါနဲ့သီဟရေ နင်ကဘာလို့ သပိတ်ရောင်အသားမှာ အကျီင်္အ၀ါရောင်ဝတ်ထားရတာလဲ”/spanလို့ မေးတော့ ကိုယ်ရယ်မိလိုက်ပါတယ်....span style="color:#3333ff;" “ ဟတ်..ဟတ်.. နင်ကလဲ ငါ့ကိုမြင်တာနဲ့ နှိပ်ကွတ်ဖို့ပဲ ငါကသင်တန်းတက်ပြီးမှ အသားတွေမဲသွားတာပါကွာ.. နင်သိရက်သားနဲ့ .. အရင်က ငါကညိုချောလေဟာ.ဟဟား.. အကျီင်္အ၀ါ ၀တ်ရတာက ငါ နင့်ကိုသတိရတိုင်း ဒီအကျီင်္အ၀ါရောင်လေးကို မကြာခဏ၀တ်ဖြစ်တယ်လေ... အဲဒါ နင့်ကိုသိစေချင်လို့ အခုဝတ်ထားတာပဲ ”/span ဆိုတော့.... span style="color:#3333ff;"“ဟဟ နင်ကတကယ်ရယ်ရတယ် သီဟ သိလား... ငါ့ကို ဝေ့လည်ကြောင်ပတ်နဲ့ ရည်းစားစကားမပြောနဲ့နော်... ငါ့ဖေဖေ နဲ့ မေမေက စစ်သားဆိုရင်သဘောမတူဘူးတဲ့”......br //spanbr /အဲဒီလိုနဲ့ပဲ ခိုင်နဲ့ ကိုယ် စကားတွေ တ၀ကြီးပြောဖြစ်ကြတယ်လေ... ကိုယ့်ရင်ထဲမှာ ရင်ခုန်ခြင်း ၊ပျော်ရွှင်ခြင်းတွေအပြည့်နဲ့ပေါ့ ခိုင်ရယ်...ခိုင်နဲ့ စကားပြောနေပေမယ့် အလည်ရောက်နေတဲ့ခိုင့်အစ်မ၀မ်းကွဲက အဖော်လုပ်ပြီး စောင့်ပေးနေခဲ့တာမို့ ကိုယ်ပြောချင်တဲ့ စကားလေးတွေတောင်ပြောမထွက်ပဲ ကိုယ်တစ်ညလုံးအိပ်ရာထဲမှာ အိပ်မပျော်ခဲ့လို့ ခိုင့်အတွက်အမြဲရေးထားတဲ့ ဒိုင်ယာရီိစာအုပ်ကလေးကိုဖွင့်ပြီး ကိုယ်ဘယ်လောက် ရင်တွေခုန်နေကြောင်း ၊ ခိုင့်ကိုဘယ်လောက်ချစ်မြတ်နိုးကြောင်း တစ်ညလုံးအိပ်မပျော်နိုင်ပဲနဲ့ ဒိုင်ယာရီမှတ်တမ်းလေးကို ရေးနေမိခဲ့ပါတယ် ခိုင်.....br /br /မနက်မိုးလင်းတာနဲ့ ကိုယ်စောစောပြန်ရမှာမို့ အဲဒီနေ့ပဲ တာဝန်ကျရာမြို့မှာ သတင်းပို့ရမှာမို့ ယူနီဖောင်းအပြည့်အစုံကိုလဲပြီး ခိုင့်မိဘတွေကိုနှုတ်ဆက်ပြီး ခိုင့်အတွက် ကိုယ်ဝယ်ထားခဲ့တဲ့ အမှတ်တရလက်ဆောင် ရင်ထိုးလေးပေးတော့ ခိုင် က ကိုယ့်ကို လက်ကိုင်ပုဝါလေးတစ်ထည် လက်ဆောင်ပြန်ပေးခဲ့တာလေ... ကိုယ်က span style="color:#3333ff;"“လက်ကိုင်ပုဝါမရချင်ဘူးကွာ.. ဘာလို့ လက်ကိုင်ပုဝါပေးရတာလဲ”/spanလို့ပြောတော့ ခိုင်ကspan style="color:#3333ff;"“ အမယ် ငါပေးချင်တာပေးတာပဲ.. မယူချင်လဲပြန်ပေး”/span ဆိုတော့ ကိုယ်ဘယ်ပြန်ပေးရက်မလဲ ခိုင်ရယ်.. ဒီလက်ဆောင်လေးက ကိုယ် ခိုင့်ဆီက ပထမဆုံးရခဲ့တဲ့ လက်ဆောင်ပစ္စည်းလေးပဲလေ.... လက်ကိုင်ပုဝါလေးရကတည်းက ကိုယ်နိမိတ်မကောင်းဘူး လို့ ဘာရယ်မဟုတ်တွေးလိုက်မိတယ်လေ.... ကိုယ် မင့်ကိုအရမ်းချစ်နေတာတွေ ဘယ်လိုပြောရမလဲ ခိုင်ရယ်...br /ဒီလိုနဲ့ ကားဂိတ်ရောက်တော့ ကိုယ်ကကားရှေ့ခန်းမှာထိုင်ပြီး ခိုင်နဲ့ ခိုင့်အစ်မက ကားဘေးနားမှာ ရပ်လို့ပေါ့....ကိုယ့်အပေါ်ထားတဲ့ ခိုင့်ရဲ့သံယောဇဉ်အရိပ်တွေကိုလဲ ခိုင့်ရဲ့မျက်လုံးထဲကနေ ကိုယ်မြင်နေရပါတယ် ခိုင်... ဒါပေမယ့် ခိုင့်ကိုဖွင့်ပြောမယ်ဆိုတဲ့ စကားလုံးတွေက ကိုယ့်နှုတ်ဖျားက ဘယ်လိုမှ ထွက်မလာနိုင်ခဲ့ဘူးလေ.....“ သိပ်ချစ်တယ် ခိုင်...သိပ်ချစ်တယ်ခိုင်” ဆိုပြီး ကိုယ့်ရင်ထဲမှာ စကားလုံးတွေပဲ့တင်ရိုက်ခတ်နေပေမယ့် ကိုယ့်ကိုတစ်ခုခုက မပြောနိုင်အောင် တားဆီးပိတ်ပင်နေသလို ဖြစ်နေခဲ့တယ်လေ.... ကိုယ်က ခိုင့်ကို span style="color:#3333ff;"“ကျန်းမာရေးဂရုစိုက်ပါ ခိုင်... အဆင်ပြေမယ်ဆိုရင် ငါ့ဆီစာမကြာခဏရေးပါနော်.... မင့်မှာ ဘာအခက်အခဲရှိရှိ ငါ့ကိုစာရေးဆက်သွယ်ပါ”/span ဆိုပြီးပြောတော့ ကိုယ့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ ခိုင်ရယ်... ခိုင့် မျက်ဝန်းမှာလည်း မျက်ရည်တွေ ၀ဲနေခဲ့တယ်နော်.... ခိုင့်အစ်မ ၀မ်းကွဲက စိတ်မကောင်းတဲ့ မျက်နှာနဲ့ တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ရင်း ကိုယ်စီးတဲ့ကားထွက်တော့ ခိုင်တစ်ယောက် မျက်ရည်စတွေနဲ့ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့တဲ့မြင်ကွင်းလေးကို ကိုယ်မျက်စိတဆုံးကြည့်နေမိခဲ့ပါတယ် ခိုင် ရယ်....br /br /သိတ်ချစ်တယ်ခိုင်ရယ်... ကိုယ်မင့်ကို သိတ်ချစ်တာ ကိုယ့်ကိုယ်ကိုပဲ အသိဆုံးပါပဲ.... ဒါပေမယ့် ခိုင့်ကိုတွေ့ရင်ပြောမယ်ဆိုတဲ့ ဒီစကားလုံးလေးတွေက ဘာဖြစ်လို့ ကိုယ့်နှုတ်က ထွက်မလာနိုင်ခဲ့ကြတာလဲကွယ်... ဒီလိုနဲ့ပဲ ခိုင် နဲ့ ကိုယ်ဟာ အဆက်အသွယ်တော့ မပြတ်ခဲ့ကြပါဘူး.... ခိုင် က ရန်ကုန်မှာ ကျောင်းတက်နေပြီး တစ်ရက်တော့ ကိုယ့်ဆီကိုစာရောက်လာပါတယ်.... ခိုင့်ရဲ့စာထဲမှာ..... span style="color:#3333ff;"/span/divdiv align="justify"span style="color:#3333ff;"/span /divdiv align="justify"span style="color:#3333ff;"“သီဟရေ... ငါ ချစ်သူထားတော့မယ်ဟာ... ငါ သိပ်ချစ်မိတဲ့ချစ်သူတစ်ယောက်တွေ့ပြီလေ.... သူကို ငါ ချစ်တယ်လို့ အဖြေပေးသလိုပဲ သူဟာ ငါ့အိမ်ထောင်ဖက်ဖြစ်ရမယ်... နောက်တော့ နင့်ကိုငါ မိတ်ဆက်ပေးပါမယ် သူငယ်ချင်းရေ... သူက ငါ့ကိုအရမ်းချစ်တယ်လေ... ငါကလည်းသူ့ကို အရမ်းချစ်တာပါပဲ... ငါ သူနဲ့ပဲ လက်ထပ်မယ် သူငယ်ချင်းရေ... နင်လည်း လူပျိုကြီးဖြစ်နေဦးမယ် ရည်းစားရှာတော့နော်....ငါ ရည်းစားထားတော့ မယ်ဆိုတဲ့ အကြောင်းနင့်ကို အကြောင်းကြားလိုက်တာပါကွယ်........ဒီတခါတော့ ငါအရင်စွန်တယ်နော်.... ငါ ပထမရပြီ... နင့်ကိုငါ တောက်လျှောက်အနိုင်မရခဲ့တာ ဒီတခါတော့ ငါအနိုင်ရသွားပြီလေ.... အသက်တွေလည်းကြီးပြီ ..နင်လည်းကြိုးစားဦးနော်... ချစ်သူရည်းစား ချောချောလှလှလေးတွေပြီး ဖူးစာဆုံနိုင်ပါစေ သူငယ်ချင်းရေ” ...br /br //spanမင့်ရဲ့စာအရှည်ကြီးကိုဖတ်ပြီး “ခိုင်ရေ.. ခိုင်ရေ”လို့ ကိုယ်အကျယ်ကြီးအော်ခေါ်လိုက်မိတယ် ခိုင်ရေ....ခိုင်ရယ်..မင့်ဆီက စာမရခင်ကတည်းက မင့်ရဲ့အကြောင်းလေးတွေကို အမြဲပြောပြနေကျ ခိုင့်ရဲ့မေမေ ဆရာမက ကိုယ့်ဆီစာရေးလာခဲ့ပြီးသားပါ.... ခိုင့်မေမေရဲ့စာထဲမှာ.....br /br /span style="color:#3333ff;"“သားရေ.....br //spanspan style="color:#009900;"အစစ အရာရာအတွက်သားကိုကျေးဇူးတင်ပါတယ်ကွယ်... အခုဆိုရင် ခိုင်ဟာ သဘောကောင်းပြီး အေးအေးဆေးဆေးနဲ့ ယဉ်ကျေးလိမ်မာတဲ့ ဆရာဝန်လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေကြပါပြီ....ဆရာဝန်လေးရဲ့မိဘတွေကတော့ တောင်ကြီးမှာနေတယ်ပြောတယ်လေ... သားက အခုရှမ်းပြည်မှာ တာဝန်ကျနေတော့ မဆင်ပြေတဲ့အချိန်မှာ သမီးယောက္ခမတော်ရမယ့် မိဘတွေက သဘောကောင်းမကောင်း တချက်သွားကြည့်ပေးပါဦးနော်... ဆရာမတို့တော့ သမီးလေးရဲ့ဘ၀ရှေ့ရေးအတွက် စိတ်အေးသွားရပါပြီကွယ်... သမီးလေးက လိမ္မာသလို အိမ်ထောင်ဖက်ချစ်သူရွေးချယ်ရာမှာလည်း တော်ရှာပါတယ်....သားရဲ့သူငယ်ချင်းအတွက် သားပျော်ရွှင်နိုင်ပါစေနော်...br /ဒါနဲ့ အရင်ကအကြောင်းလေးတွေအတွက် ဆရာမကိုခွင့်လွတ်ပါလို့ ဆရာမတောင်းပန်ပါတယ်ကွယ်....ဆရာမကိုသားမုန်းချင်မုန်းနေမှာပါနော်.... ဒီလိုလုပ်ရတာဟာ မိဘတစ်ယောက်ရဲ့မေတ္တာဆိုတာ နောင်တစ်ချိန်မှာ သားမိဘဖြစ်တဲ့ အခါကျရင် သိလာမှာပါကွယ်......br /သား.. ခိုင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကို ဆရာမရိပ်မိသိရှိနေခဲ့တာမို့ သား ဆရာမတို့အိမ်ကို သင်တန်းပြီးပြီးချင်းအလည်ရောက်လာတော့ သားဟာခိုင့်ကိုဖွင့်ပြောတော့မယ် ဆိုတာကို ဆရာမသိနေတာနဲ့ ခိုင်အပြင်ကပြန်မလာခင်မှာ ခိုင်ဟာ ဆရာမတို့ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့အတွက် စစ်ဗိုလ်နဲ့ မပေးစားလိုကြောင်း ၊ ကံကြမ္မာဆိုတာပြောနိုင်တာမဟုတ်တော့ သမီးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်လာရင် ဆရာမတို့ရင်ကျိုးရမှာဖြစ်ကြောင်း ၊ ဖြစ်နိုင်မယ်ဆိုရင် သားကိုနောက်ဆုတ်ပေးဘို့ မေတ္တာရပ်ခံခဲ့တာတွေဟာ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာ တွေပါသားရယ်... ဆရာမကို သားနားလည်ပေးနိုင်လိမ့်မယ်လို့ ဆရာမယုံကြည်မိပါတယ်ကွယ်....”br /br //spanအဲဒါကြောင့် ကိုယ်မင့်ကို အရမ်းချစ်ပေမယ့် ဖွင့်မပြောဖြစ်ခဲ့တာပါ ခိုင်ရေ..... ခိုင်မင်္ဂလာဆောင်တော့ ကိုယ့်ဆီမင်္ဂလာဆောင်ဖိတ်စာလေးရောက်လာခဲ့ပါတယ်......တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ခိုင့်ရဲ့မင်္ဂလာဆောင်ပွဲလေးက သင်္ကြန်မတိုင်ခင် ၂ရက်အလိုမှာလေ.... သင်္ကြန်ပွဲမှာ သင်္ကြန်ရေတွေနဲ့အတူ ကိုယ်မျက်ရည်တွေရွှဲနေတဲ့အချိန်မှာ ခိုင်ကတော့ သင်္ကြန်ရေတွေနဲ့အတူ သူချစ်တဲ့သူရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်နေရှာမှာပါ..... ကိုယ့်အတွက်တော့ သက်ြန်ပွဲလေးတွေဟာ မင်းနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေ အမြဲဖြစ်နေခဲ့ပါတယ် ခိုင်ရယ်.....br /br /span style="color:#ff0000;"ခိုင်တို့ မင်္ဂလာပွဲပြီးလို့ သင်္ကြန်ကျော်တော့မှ ကိုယ် မင့်ဆီကို လက်ဖွဲ့ပို့ဖြစ်ခဲ့ပါတယ် ခိုင်ရယ်.... အဲဒီလက်ဖွဲ့လေးကတော့ ကိုယ် မင့်အတွက်အမြဲရေးထားခဲ့တဲ့ ကိုယ့်ရဲ့ဒိုင်ယာရီစာအုပ်ကလေးတွေနဲ့ ခိုင့်ကိုပေးဘို့ဆိုပြီး ရည်ရွယ်ပြီးစုထားခဲ့တဲ့ လက်ဆောင်ပစ္စည်းလေးတွေ တချို့ပဲဖြစ်ပါတယ်.....br /br //spanspan style="color:#ff0000;"လွမ်းနေဆဲပါ ခိုင်ရေ...br /လွမ်းနေမြဲပါ ခိုင်ရေ...br //spanbr /strongspan style="color:#3333ff;"( သီဟစစ်)br //span/strongbr /span style="color:#3333ff;"span style="color:#ff0000;"သူငယ်ချင်းသီဟရေ....br //spanbr /မင်္ဂလာလက်ဆောင်အဖြစ် နင်ပို့ခဲ့တဲ့ ဒိုင်ယာရီစာအုပ်ကလေးနဲ့ လက်ဆောင်လေးတွေကို မနှစ်တုန်းက ငါမြန်မာပြည်ပြန်တော့ ဖေဖေ့ရဲ့စာအုပ်သေတ္တာတွေ မွှေးနှောက်ရှာဖွှေရင်း အမှတ်မထင်တွေ့ရှိခဲ့ပါတယ်..... နင့်ဆီက လက်ဖွဲ့လေးတွေ ပို့လာတဲ့အကြောင်း ဖေဖေ နဲ့ မေမေက ငါ့ကို တစ်ခွန်းမှ မပြောပြခဲ့ကြဘူးလေ.... ဒါပေမယ့် နင်ပို့ထားတဲ့ ဒိုင်ယာရီစာအုပ်ကလေးကိုတော့ စာအုပ်သေတ္တာထဲမှာ အကောင်းအတိုင်းလေးပဲ ငါဖတ်ခွင့်ရခဲ့ပါတယ် သူငယ်ချင်းရေ....br //spanbr /strongspan style="color:#ff0000;"( ခိုင်) /span/strong/divstrongspan style="color:#ff0000;"div align="center"br //span/strongbr /br /strongspan style="color:#009900;"ပြီးပါပြီရှင်.br //span/strongbr /ပျော်ရွှင်ချမ်းမြေ့ကြပါစေ.br /br /WWKM/divbr /br /( Ps. ဒီပို့စ်လေးဟာ မောင်ငယ်ဖိုးစိန်က စိတ်တွေလေနေလို့ သင်္ကြန်ပို့စ်လေးတစ်ပုဒ်လောက်ရေးပေးပါလို့ တောင်းဆိုတာနဲ့ ပျင်းပျင်းနဲ့ပဲ စိတ်ကူးတွေ့တာလေးကို အမှတ်တရအဖြစ် ရေးပေးလိုက်ခြင်းသာဖြစ်ပါတယ်ရှင်...သင်္ကြန်ပို့စ် မဖြစ်ဖြစ်အောင်တော့ အတင်းဆွဲစေ့ပြီးရေးထားတာပါပဲ...ဟီး. ဒါပေမယ့် ကျမကလည်း ပျင်းပျင်းနဲ့ ရေးထားတာမို့ စာဖတ်သူတွေအတွက် အဆင်ပြေချင်မှ ပြေမှာပါ.. ဒီလိုပါပဲရှင်.. ကျမတို့ ဘလော့ဂါမောင်နှမတွေဟာ တခါတလေမှာ ကိုယ့်နိုင်ငံမဟုတ်တဲ့ နေရာမှာနေထိုင်ကြရင်းနဲ့ စိတ်လေတဲ့ အခါလေတတ်ကြပါတယ်.. စိတ်ညစ်..စိတ်ရှုတ်နေတဲ့ အခါလေးတွေလည်းရှိနေတတ်ပါတယ်.. ဒါလေးတွေကြောင့် တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာနားလည်ကြပြီး မောင်နှမတွေ စိတ်လေ ၊စိတ်ရှုတ် ၊ စိတ်အနှောက်ဖြစ်နေတဲ့ အချိန်လေးတွေမှာ တစ်ဦးအပေါ် တစ်ဦး စာနာ နားလည်စွာနဲ့ ကူညီဖေးမကြရင်းနဲ့ မောင်နှမတွေအားလုံး နှစ်သစ်နဲ့ အတူ ပျော်ရွှင်နိုင်ကြပါစေရှင်....မနော်ပြောသလိုပဲ Goat Wind Sun တဲ့ မောင်ဖိုးစိန် ... အတွက် အမှတ်တရဖြစ်ပါစေ.) /divdiv class="blogger-post-footer"img width='1' height='1' src='http://res1.blogblog.com/tracker/3744125817375213564-1485724863573581717?l=warwarkhaingmin.blogspot.com'//div
1 Comment
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
906
Create Apple.com Style Search ...
906
Myanmar Thingyan
906
Preview Photoshop Brushes Easi...
906
Free Icon Set for Web Develope...
905
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
entertainment
fastdomain
finance
mortgage
web hosting
read more
Comments