Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
တအုံ့နွေးနွေး ( သို့မဟုတ် ) သရဖူ
2
Vote
တအုံ့နွေးနွေး ( သို့မဟုတ် ) သရဖူ
Posted by
shwedream
1050 days ago
(
http://www.artsof-greengirl.com
)
View profile
Category
:
Personal & Life
ငါ့အိပ်ခန်းထဲရောက်တဲ့အခါ
ကျေးဇူးပြုပြီး ငါ့ရဲ့သရဖူလေးကို
ဖြုတ်ထားခွင့်ပေးပါ...
အပြစ်ကင်းတဲ့
ကလေးငယ်တစ်ယောက်လို
ငြိမ်းချမ်းစွာ ငါအိပ်စက်ချင်လို့ပါ...
ဘာရယ်လို့တော့ ထူးထူးထွေထွေ မရှိပါဘူး။ တခါတလေ စိတ်ကျဉ်းကျပ်တယ်လို့ ခံစားမိတဲ့အခါ ကိုးတန်း၊ဆယ်တန်းတုန်းက ဓာတုဗေဒသင်တဲ့ ဆရာတစ်ယောက် ပြောဖူးတဲ့ "သရဖူ" အကြောင်းကို သတိရမိရင်း လက်တန်းရေးဖြစ်တဲ့ စာတိုပေစလေးတစ်ခုပါ။ "သရဖူ ဆောင်းထားတဲ့ ဦးခေါင်းဟာ အအိပ်ခက်တယ်" တဲ့လေ။ ဆရာကတော့ သူ့ဘ၀ကို အိပ်ပျော်မသွားအောင် ဒီစာလေးနဲ့ သတိပေးထားတာလို့ ပြောပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အတွေးခေါင်တယ်လို့ သတ်မှတ်ထားတဲ့ ကျွန်မက ဆရာ့စကားကို ထပ်ကွန့်ပြောင်းပြန်လှန်ပြီး တွေးလိုက်တော့ အဲ့ဒီစာလေးထွက်လာတယ်။ အခါခါရွတ်မိရင် သရဖူဆောင်းထားရတဲ့ ဘ၀တွေကို သနားမိတယ်။
သရဖူအကြောင်းပြောရလောက်အောင် တကယ်တော့ ကျွန်မက ဘာမှမဟုတ်ဖူးပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ ကိုယ့်ကိုယ်ကို သနားမိဖူးတယ်။ ကိုယ့်မောင်လေး၊ ညီမလေးအရွယ် ကိုယ့်ထက် ၄နှစ်၊ ၅နှစ်လောက်သာ ငယ်တဲ့ အထက်တန်းကျောင်းသားတွေကို စာပြရတဲ့အချိန်မှာ သူတို့တတွေက "ဆရာမ"လို့ တစ်ခါခေါ်လိုက်တိုင်း ကျွန်မ သက်ပြင်းတစ်ခါ ချမိတယ်။ ကျွန်မခေါင်းကို တင်းပုတ်နဲ့ တစ်ခါထုလိုက်သလို ခံစားရတယ်။ ကွယ်ရာမှာ ကျွန်မငိုတယ်။
တကယ်တော့ ကျွန်မသူတို့ကို စာပြတာ ဆရာမတစ်ယောက် အနေနဲ့တော့ မဟုတ်ဖူး။ မူလတန်းကျောင်းသားတွေကိုတော့ ကျူရှင်ပြတယ်ဆိုတာမှန်တယ်။ အထက်တန်းကျောင်းသားကျတော့ Study Guide သဘောပါ။ ဒါပေမယ့် ကျောင်းသားဆိုတာ ကိုယ့်ကိုယ်သင်ပြပေးရင် ဆရာလို့ပဲ သတ်မှတ်လိုက်တော့လည်း ကျွန်မ ဆရာမပေါ့လေ။
အိမ်ပြန်ရောက်တော့ ကျွန်မ ငိုတယ်။ အသက်ငယ်ငယ်လေးနဲ့ ဆရာမလို့ အခေါ်ခံရလို့။ ကျောင်းဆရာမ အဒေါ်နဲ့ မေမေက ကျွန်မကို နှစ်သိမ့်တယ်။ ဆရာဆိုတာ ခေါ်ခံထိုက်မှ ခေါ်ခံရတယ်တဲ့။ ဒါပေမယ့် ဆရာခေါ်ခံရပြီဆိုရင်တော့ ဆရာဂုဏ်နဲ့ ညီအောင်ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ်တဲ့။ အဲ့ဒီနေ့က စပြီး တစ်နေ့တာ ၂၄နာရီမှာ စာသင်ချိန်ပျမ်းမျှ ၄နာရီခွဲလောက်ဟာ အလေးတုံးတစ်ခု ဖိထားခံရတဲ့စိတ်နဲ့ ကျွန်မရပ်တည်ခဲ့ရတယ်။
အပြောအဆို၊ အနေအထိုင်၊ အခြေအနေတစ်ခုခုမှာ ကျွန်မရဲ့တုံ့ပြန်မှု အစစအရာရာပေါ့။ တစ်ခုခုပြောမယ်၊ လုပ်မယ်ကြံလိုက်တိုင်း ကျောင်းသားတွေဆိုတဲ့ စိတ်က ကျွန်မကိုထိန်းချုပ်ထားတယ်။ သွားပြီ.... အိမ်မှာလည်း ကျွန်မက အစ်မအကြီးဆုံး၊ ကျူရှင်ချိန်မှာ ဆရာမ၊ ရုံးရောက်တော့ အင်ဂျင်နီယာတဲ့။ အသက်က ၂၃နှစ်သာသာ။ အဲ့ဒီအချိန်မှာ အပေါ်မှာရေးခဲ့တဲ့ စာသားလေးကို စိတ်ထဲမှာ ခဏခဏ ရွတ်နေမိတတ်ခဲ့တယ်။
အခုအချိန်မှာတော့ ကျွန်မ အဲ့ဒီသရဖူလေးကို မေ့နေခဲ့တာကြာပြီ။ သတိရရအောင်လည်း သရဖူဆိုတာ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား။ လွန်ခဲ့တဲ့ သုံးရက်ကမှ မောင်နှမအရင်းလို ခင်မင်ရင်းနှီးနေတဲ့ မောင်လေးတစ်ယောက်ကြောင့် ပြန်သတိရသွားတယ်။ ၀မ်းနည်းတာလား၊ ကျေနပ်သလား၊ နှစ်ခုလုံးတစ်ပြိုင်တည်း ခံစားလိုက်ရတာပဲလား မပြောတတ်ပေမယ့် မောင်လေးကို ကျွန်မကျေးဇူးတင်တယ်။ ဘာပဲဖြစ်ဖြစ် မောင်နှမဆိုတဲ့ သံယောဇဉ်တစ်ခုရဲ့ နောက်မှာ ချစ်၊ကြောက်၊ရိုသေ ဆိုတာလေး ကပ်တွယ်ပါနေတယ်လို့ သိလိုက်ရချိန်မှာ မထင်မှတ်ပဲ ကျွန်မမျက်ရည်ကျမိပြန်တယ်။ တပြိုင်တည်း ကျွန်မရဲ့ ခေါင်းပေါ်မှာ အလေးတုံးတစ်ခု ပိသွားသလို ခံစားလိုက်ရတော့ ခုနက သရဖူလေး ကျွန်မစိတ်ထဲပြန်ရောက်လာခဲ့တယ်။
သရဖူဆောင်းထားတဲ့ ဦးခေါင်းတွေ အဲ့ဒီသရဖူလေး ပြုတ်မကျအောင် ထိန်းသိမ်းနေရတာနဲ့ပဲ အိပ်မရတဲ့ ညတွေများနေမလားလို့လည်း မဆီမဆိုင် သနားနေမိသေးတယ်။
အိပ်ရာဝင်ချိန်တော့ ကျွန်မရဲ့ သရဖူလေးကို ခဏဖြုတ်ထားပါရစေ... လွတ်လပ်စွာ အိပ်မောကျချင်လို့ပါ...။
PS: ဘာရယ်ညာရယ်တော့ မဟုတ်ဖူး။ တွေးမိတွေးရာ တွေးမိတာကို ဘယ်သူ့ကို ပြောရမှန်းမသိလို့ ကြာကြာမထိုင်နိုင်တဲ့ကြားက လျှောက်ရေးလိုက်တာပါ။ QS အကြောင်းဆက်ဖို့ မမေ့ပါ။ စောင့်ဖတ်မယ် ဆိုသူတွေကို အားနာပါတယ်။ ပိတ်ရက်မှာ သေချာရေးချင်ပေမယ့် မထိုင်နိုင်လို့ မရေးဖြစ်တာပါ။ လွမ်းသုရင်ဖက်ကို အသစ်တင်မယ်လို့ စီစဉ်ထားတာလည်း ဒီတစ်ပတ်ပျက်ပြီနဲ့ တူပါရဲ့။ SO SORRY ပါရှင်။
Discuss
Add this link to...
Bury
Add to:

">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
904
Create Apple.com Style Search ...
904
Myanmar Thingyan
904
Preview Photoshop Brushes Easi...
904
Free Icon Set for Web Develope...
903
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
dlf ipl
fastdomain coupon
ipl
mortgage
top hosting
read more
Comments