ရေးလက်စတွေ၊ မပြန်ခင် ရေးချင်တာတွေ များနေလို့ ကြားဖြတ်ပြီး ဘယ်ပို့စ်မှ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အနီးကပ်ရန်သူကို ကြောက်ရတာမို့ ဒါလေးတော့ ဖြတ်ရေးလိုက်ပါတယ်။ ( သူငယ်ချင်းရေ စိတ်ဆိုးနဲ့ဟ :P )br /br /လူတစ်ယောက်မှာ မွေးလာကတည်းက ဗီဇ၀ါသနာဆိုတာ ရှိကြပါတယ်။ တစ်ချို့ကလည်း ငယ်ငယ်လေးကတည်းက သူဘာကိုဝါသနာပါတယ်ဆိုတာ ပေါ်လွင်နေတတ်သလို တစ်ချို့ကလည်း စိတ်ငြိမ်တဲ့အရွယ်ရောက်မှ သူ့ဝါသနာက ပိုထင်ရှားလာတတ်တာပါ။ လူသားထဲက လူတစ်ဦးဖြစ်တဲ့ ကျွန်မလည်း ဘာတွေဝါသနာပါလဲ။ a href="http://www.thetpaigthu.com/"သက်ပိုင်သူ/aကြောင့် ကျွန်မရဲ့ဝါသနာတွေကို တစ်ခုချင်းစီပြီး စဉ်းစားဖြစ်သွားတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။br /br /မွေးကတည်းက တစ်ယောက်တည်း ဆိတ်ငြိမ်စွာနေရခြင်းကို ကြိုက်ပါတယ်။ ငယ်ငယ်ကဆိုရင် အမေက မီးဖိုချောင်မှာ ဟင်းသွားချက်မလို့၊ သမီးဒီနားမှာ ခဏထိုင်နေဆိုရင် အမေပြန်လာခေါ်တဲ့အထိ ထားခဲ့တုန်းက အတိုင်းပါပဲ။ တစ်လက်မမှ မရွေ့ပါဘူး။ အဲ့လောက်ထိ ငြိမ်တာပါ။br /br /တစ်ယောက်တည်းနေတဲ့အခါ မပျင်းဘူးလားလို့ ထပ်မေးပါ။ မပျင်းပါဘူး။ စာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်း ဒါမှမဟုတ် ကျောက်သင်ပုန်းနဲ့ ကျောက်တံရရင် ငြိမ်ဆေးပါပဲ။ ကလေးဆိုတော့ ဘာမှလည်း မရေးတတ်သေးပါဘူး။ ဒါပေမယ့် လျှောက်ခြစ်တာပေါ့လေ။ အဲ့ဒါကိုကြည့်ပြီး လူကြီးတွေက ဒီကလေး စာဂျပိုးဖြစ်မယ်လို့ ထင်ကြေးပေးကြတယ်။ :Pbr /br /စာမဖတ်ပဲလည်း တစ်ယောက်တည်း ငြိမ်နေတတ်ပါတယ်။ တွေးချင်ရာလျှောက်တွေးနေတာပါ။ ဘယ်သူနဲ့မှ အခြေအတင်စကားမပြောရရင်ပြီးရော စိတ်ကူးတွေထဲမှာ ပျော်ပါတယ်။br /br /နည်းနည်းသိတတ်လာတာနဲ့အမျှ စာဖတ်တာဝါသနာပါတယ်လို့တော့ ကိုယ့်ကိုယ်ကိုသိလာပါတယ်။ တွေ့သမျှစာအကုန်လိုက်ဖတ်တာပါ။ ငယ်ငယ်က အမေနဲ့ရုံးကိုလိုက်တဲ့အခါ အမေ့အလုပ်က စာရင်းဇယားတွေပါမကျန် စာလုံးမြင်တာနဲ့ အကုန်ဖတ်ရော။br /br /နောက်တစ်ခုက လမ်းသွားရင် တအားငေးတတ်တာပါ။ ဘာငေးတာလဲဆိုတော့ ရန်ကုန်မြို့ထဲမှာဆိုရင် ဆိုင်းဘုတ်တွေများတယ်၊ ဆိုင်တွေများတယ်လေ။ အဲ့ဒါတွေလိုက်ဖတ်၊ လျှောက်ကြည့်ရင်း ငေးမိသွားတာပါ။br /br /အသက်နည်းနည်းကြီးလာတော့ ၁၅နှစ်၊ ၁၆နှစ်လောက်မှာပေါ့နော်။ ရသစာပေတွေဖတ်ရတာကို သိပ်သဘောကျလာတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လက်တည့်စမ်းရေးကြည့်တတ်တယ်။ စာလေးတစ်ကြောင်းရေးပြီး ကိုယ့်ဟာကိုယ် အကြိမ်ကြိမ်ပြန်ဖတ်၊ မချောဖူးထင်ရင် ပြန်ပြင်ရေး။ နောက်တစ်ခါ စာရေးဆရာတွေ ရေးတဲ့စာထဲက ကိုယ်ရေးတဲ့စာနဲ့ ဆိုလိုရင်းတူပြီး ရေးပုံကွဲနေရင် ငါရေးချင်တာကို ဒီလိုလည်းရေးလို့ရသေးပါလားလို့ မှတ်ထားလေ့ရှိတယ်။br /br /စာအုပ်ဖတ်တာ၊ စာရေးတာ ၀ါသနာပါပြီးတော့ စာသင်တာလည်း ၀ါသနာပါတယ်။ ကျောင်းတက်တုန်းက သူများကို စာရှင်းပြဖို့ဆိုရင် ကိုယ့်ထမင်းချိုင့် ကိုယ်ဆွဲပြီး အာပေါက်အောင်၊ အမြှုပ်ထွက်အောင် ကိုယ်သိတာမှန်သမျှ တစ်လုံးမချန် ရှင်းပြတတ်ပါတယ်။ ( သက်ပိုင်သူ အသိဆုံးဖြစ်ပါတယ်။ )သူများကို စာရှင်းရမယ်၊ စာသင်ရမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဖြစ်ဖြစ် စေတနာရှိပါတယ်။ အဲ့လောက်ထိ ၀ါသနာပါတာပါ။ တစ်နေ့နေ့ကျရင် ဆရာမလုပ်မယ်ရယ်လို့လည်း ရည်ရွယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။br /br /မြို့ပြအင်ဂျင်နီယာတစ်ယောက် အနေနဲ့ အဆောက်အဦးတွေကိုလည်း စိတ်ဝင်စားတယ်။ QS ရယ်လို့ဖြစ်လာတော့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပိုပြီး လေ့လာမိတယ်ဆိုရင် မမှားပါဘူး။br /br /ဈေးဝယ်ရတာလည်း ၀ါသနာပါတယ်။ ဘာတွေဝယ်သလဲဆိုရင်တော့ ကိုယ့်အတွက်ဝယ်တာနည်းတယ်။ မြင်မြင်သမျှ သူများအတွက်ပဲ လျှောက်ကြည့်ပြီး အဆင်ပြေမယ်ထင်တာတွေ ၀ယ်တာပဲ။ ရန်ကုန်တုန်းကဆိုရင် ယုဇနပလာဇာကို လေးထပ်လုံး ၃ခါလောက် အစအဆုံးတက်လိုက်ဆင်းလိုက်နဲ့ ပတ်ပြီး ၀ယ်တတ်ပါတယ်။ ကိုယ့်အတွက် အပင်ပန်းခံပြီး ရှာဝယ်တတ်တာက လက်ကိုင်အိတ်နဲ့ ဖိနပ်။br /br /၀ယ်လာတဲ့ပစ္စည်းကို အလှကြည့်တတ်တာလည်း ကျွန်မရဲ့ ၀ါသနာတွေထဲမှာပါတယ်။ သုံးတာလည်း မဟုတ်ဖူး။ ကြည့်နေရရင် ကျေနပ်နေတာပဲ။ :Pbr /br /မိန်းကလေးဆိုတော့ အလှအပတော့ စိတ်ဝင်စားမယ်လို့ ထင်မိရင် မှားပါမယ်။ GreenGirlက မျက်နှာအလှအပထက် လက်ချောင်းခြေချောင်းတွေကို အလှပြင်ရတာ ပိုကြိုက်ပါတယ်။ လက်သည်းခြေသည်းဆိုးခြင်း ၀ါသနာပါ၏။ အခုတော့ မဆိုးဖြစ်တာကြာပါပြီ။ လက်သည်းအရှည်လည်း ကြိုက်တယ်။br /br /သီချင်းလည်း နားထောင်တတ်ပါတယ်။ ဒါပေမယ့် လိုက်ရှာရတာတော့ ပျင်းတယ်။ အသည်းအသန် လိုချင်တဲ့ သီချင်း၊ ကြိုက်မိတဲ့သီချင်းဆိုရင်တော့ ဇွဲကောင်းကောင်းနဲ့ ရှာပါတယ်။ :)br /br /အကြောင်းအရာတစ်ခုကို အစရရင် ရေဆုံးမြေဆုံး လိုက်တတ်တာလည်း ၀ါသနာလို့ပဲ ပြောရမလားပဲ။ ဘယ်အကြောင်းအရာက ဘယ်လိုဇစ်မြစ်ကနေ စလာတယ်ဆိုတာကို စိတ်ဝင်တစား လေ့လာတတ်ပါတယ်။br /br /နောက်ဆုံးတစ်ခုကတော့ ၀ါသနာတူခြင်းတွေ့ရင် စာအကြောင်းပြောရတာ၊ နားထောင်ရတာကို နှစ်သက်ခြင်းပါပဲ။ မယုံရင် a href="http://www.thetpaingthu.com/"သက်ပိုင်သူ/aနဲ့ a href="http://www.ahlataya.blogspot.com/"အလှတရား/aကို မေးကြည့်ပါ။ အဲ့ဒီအချိန်မှာ GreenGirl မစားမသောက်မအိပ်ပဲ စကားပြောပါတယ်။br /br /ထူးခြားတာတော့ မပါဘူးနော်။ ဒီထဲမှာ မပါတာဆိုရင် ၀ါသနာမပါဘူးလို့ မှတ်ပေါ့နော်။ တာဝန်အရလုပ်ရတဲ့ ကိစ္စမျိုးတွေတော့ ရှိတာပေါ့လေ။ စိတ်ဝင်စားလို့တော့ မဟုတ်ဖူး။ ဒီလောက်ဆိုရင် ၀ါသနာအကြောင်း လုံလောက်ပြီ ထင်ပါတယ်။ ဘုံ အထပ်၂၀ ဒီဇိုင်းများအလည်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပြပြနဲ့ a href="http://www.thetpaingthu.com/"သက်ပိုင်သူ/a ၀မ်းမြောက်ပါလေတော့...။br /br //divdiv class="blogger-post-footer"img width='1' height='1' src='http://res1.blogblog.com/tracker/4660926554858095818-8404446734823126948?l=www.artsof-greengirl.com'//div
1 Comment   Add this link to...  Bury

Comments Who Voted Related Links