ကိုယ် ... မညာတော့ဘူး


အရှိကို အရှိတိုင်းသာ ဖွင့်ပြောမည် မြင်မြင်ချင်း မင်းကို ချစ်သွားသည်ပိုင်ဆိုင်တဲ့ အသည်းကို အရှုံးပေးခဲ့ရ ဒါအချစ်ပဲလား စိတ်မှာ မောသည်
နားလည်မှု တံခါးတွေ ဖွင့်ထားသည်အကြင်နာ စကားလေးတွေ မျက်ဝန်းဆီပိုင်ရှင်မဲ့ အချစ်ကို ပေးအပ်ခဲ့ပြီကိုယ် မညာတော့ဘူး မင်းကို ချစ်သည်
မင်း ပြုံးလိုက်ရင်လည်း အိပ်မက်တွေ အထိပဲ လိုက်နှောက်ယှက်သည်အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲ ကြည့်ကြည့် ပြန်တွေးတိုင်း ရင်ခုန်လာသည်
ချစ်သူလေး ရှိရာ ဟို ... အဝေးဆီ လာရာ လမ်းလေးကို မျှော်တတ်ပြီပိုင်ဆိုင်ခွင့် ဘဝကို ပေးအပ်ခဲ့ပြီ ကိုယ်  မညာတော့ဘူး မင်းကို ချစ်သည်


အလဲ့။ အခုတလော ဒီသီချင်းလေး နားထဲကို တော်တော်လေး ရောက်လာတယ်။ မူရင်းက တရုတ်သီချင်းလေး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကော်ပီ လုပ်ထားတာလေးက တော်တော်ကောင်းတယ်။ စကားလုံး ရွေးထားတာလေးတွေ လိုက်ဖက်တယ်။ လှတယ်။ Rခိုင်က အဲဒီလို သီချင်းကောင်းလေးတွေ ရေးတတ်တယ်။ အာဇာနည်အတွက် သူရေးပေးတာလေးတွေလည်း ကောင်းတာ များတယ်။ အခု သီချင်း ဆိုတဲ့သူက မိန်းမ။ အန်ခိုင်ရာ ဆိုလားပဲ။ ဗွီစီဒီထဲတော့ ဖြတ်ခနဲ မြင်လိုက်တယ်။ အသံက မဆိုးပါဘူး။ ဆိုတတ်တယ်။ ပြီးတော့ သီချင်းနဲ့ လိုက်တယ်။ ဒါပေမယ့် တိုင်းရင်းသူဆိုတော့ တချို့နေရာလေးတွေ အသံနဲနဲ ဝဲနေသေးတယ်။ ဒီသီချင်းလေး ကျွန်တော် ကြိုက်တယ်ဆိုတော့ မိန်းမသီချင်းကြီး ကြိုက်တယ်ဆိုပြီး သူငယ်ချင်းတွေက အံ့အားသင့်နေကြသေးတယ်။ ဟားဟား။ သီချင်းပဲ မိန်းမဆိုဆို ယောက်ျားဆိုဆို ကိုယ့်အာရုံလေးထဲ ဝင်လာရင် ကြိုက်တာပဲပေါ့။ ဘာများ ထူးဆန်းလို့လဲ။  မဟုတ်ဘူးလား။ ဘာရယ်တော့မဟုတ်ဘူး အဲဒီ သီချင်းလေး ပါးစပ်ထဲမှာ ညည်းမိနေတယ်။ ဒါဒါဒါ့ ဒီဒီဒါ့ဒါ။ :) 
ဪ စကားမစပ် ပြောရဦးမယ်။ ဒီသီချင်းစာသားတွေက ကိုပီကေ လုပ်ထားတဲ့ Lyric ဆိုဒ်ကနေ ယူထားတာပါ။ ဒါမျိုးလေး လုပ်မယ်လို့ စဉ်းစားနေတာ တော်တော်ကြာပြီ။ အခု ကိုပီကေ လုပ်ထားတာလေး တွေ့လိုက်တော့ တော်တော် သဘောကျနေတယ်။ ချီးကျူးဖို့ ကောင်းတယ်။ ကျေးဇူးယူပီဂျီ အဲ.. ကျေးဇူး ကိုပီကေ... နဲနဲတော့ ဆင်တယ်ဟုတ် :P
Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)
Discuss   Add this link to...  Bury

Comments Who Voted Related Links